ပါဝင်ပစ္စည်းများ

  • ထိုင်းကျောက်ကျောမှုန့် (တယ်လီဖုန်းတံဆိပ်) – ၁ ထုပ်
  • သကြား – ၅၀ ကျပ်သား
  • လိမ္မော်ရည်အပျစ် – ၁/၂ ခွက် (တရုတ်ထမင်းစားပန်းကန်လုံး)
  • စပျစ်ရည်အပျစ် – ၁/၂ ခွက် (တရုတ်ထမင်းစားပန်းကန်လုံး)
  • သစ်ခွဖျော်ရည် – ၁/၂ ခွက် (တရုတ်ထမင်းစားပန်းကန်လုံး)
  • နို့စိမ်း – ၁ ၁/၂ ဗူး

ပြင်ဆင်ပြုလုပ်နည်း

တကယ်တော့ ကျောက်ကျောတစ်ထုပ်အတွက် ရေက တရုတ်ထမင်းစား ပန်းကန်လုံး (၁၃) မှ(၁၄) လုံးပါ။ အုန်းနို့ကျောက်ကျောဆိုလည်း အုန်းနို့ရည်ကို အရင်ချိန်ပြီးမှ လိုအပ်တဲ့ရေကို ထပ်မံဖြည့်စွက်ပေးရပါတယ်။

ဒီအညွှန်းက ကျောက်ကျော အမာလွန်ခြင်း ၊ ရေများလို့ မခဲခြင်း စတာတွေအတွက် မျက်စိစုံမှိတ်နိူင်တဲ့ အနေအထားပါ။

ဒီနည်းမှာ အချိုရည် (၃) မျိုးက ၁ ခွက်ခွဲရှိပြီး နို့စိမ်းက (၂) ခွက်ရှိနေပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး တရုတ်ထမင်းစားပန်ကန်လုံး (၁၁) လုံးစာကို ဆူအောင်တည်ပြီး သကြားပေါ်လောင်းချကာ သကြားရည်ဖျော်လိုက်ပါ။

၄ ပုံအညီအမျှရအောင် ခွဲထားပါ။ ကျောက်ကျောမှုန့်ကိုလည်း ၄ ပုံအညီအမျှ ခွဲပြီးပျော်သည်ဆိုရုံလေး ရေထည့်ဖျော်ပါ။ မိမိလိုချင်တဲ့အရောင်အစဉ်လိုက် ကျိုလို့ရပါတယ်။

ပထမဆုံး ၄ ပုံခွဲထားတဲ့ သကြားရည်နဲ့အတူ သစ်ခွရည်ကို ရောကျိုပါတယ်။ ဆူစပြုလာပြီဆိုတာနဲ့ အရည်ဖျော်ထားတဲ့ ကျောက်ကျော (၁) ချိုးထည့်ကာ လုံးဝပျော်ဝင်သွားပြီဆို ဗန်းထဲမှာထည့်ပြီး အအေးခံထားပါတယ်။

ဒုတိယ နို့စိမ်းနဲ့ သကြားရည်ကို ရောပြီး ပထမနည်းလမ်းအတိုင်းကျိုပါတယ်။ ပထမဆုံးအလွှာရဲ့ မျက်နှာပြင်တင်းပြီဆိုမှ နို့.စိမ်းကျောက်ကျောရည် ကို လောင်းပါတယ်။

ထိုနည်းအတူ လိမ္မော် ၊ နောက်ဆုံး မှစပျစ်ရည်ကိုလောင်းချ အအေးခံပါတယ်။

အသုံးပြုတာ (၄) ရောင်ဆိုပေမယ့် တကယ်ခဲသွားတဲ့အခါ (၅) ရောင်ရရှိနေမှာဖြစ်ပါတယ်။ ရေနဲ့ကျောက်ကျောရောစပ်တဲ့ အကြည်ရောင်လေးအပါအဝင် (၅) ရောင်ခြယ်ကျောက်ကျောပါ။

Credit: ဟင်းချက်နည်းများ