ပါဝင်ပစ္စည်းများ

  • ငါးရံ့ခြောက် – ၁မြှောင်း
  • ကြက်ဥ – ၁လုံး
  • သကြား – လက်ဖက်စားဇွန်း၁ဇွန်း
  • အချို မှုန့် – လက်ဖက်စားဇွန်း၂ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်စားဇွန်း၃ဇွန်း
  • ကြက်သွန်မြိတ် – အတုံးကလေးများအနည်းငယ်
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ဥကို မွှေပြီးကြော်ပါ။ ခြေပေးပါ ။ ထမင်းထည့်ပါ ။
  2. ငါးခြောက်ကို မီးဖုတ်ပြီး ထုကာ အတုံးသေးသေးဖြစ်အောင် တုံးပြီး ထည့်ကြော်ပါ ။ မွှေပေးပါ ။ အရသာများထည့်ပါ ။
  3. ကျက်ခါနီပါက ငရုပ်ကောင်းမှုန့် ဖြူးပေးပါ ။ ကြက်သွန်မြိတ်လေးများကို ရောပြီး မွှေကာ စားနိုင်ပါပြီး ။

Credit: သံယောဇဉ်