ပါဝင်ပစ္စည်းများ

  • ငါးခြောက် ၂၀ သား
  • ကုလားပဲ လက်တဆုပ် (ပြုပ်ထားပါ)
  • ရုံးပတီသီး ၈ တောင့်
  • ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (ထောင်းထားပါ)
  • ဂျင်း အနည်းငယ် (ထောင်းထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • အရောင်တင်မှုန့် အနည်းငယ်
  • မကျည်းနှစ် အနည်းငယ်
  • ငရုတ်သီးစိမ်း
  • ဆီ ၅ကျပ်သား
  • ဆား အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခြောက် တလက်မခန့် အတုံးလေးများ တုံး၍ ရေစင်အောင် ဆေးပြီး ရေနွေးနွေးထဲတွင် စိမ်ထားပါ။ အိုးထဲတွင် ဆီထည့်၍ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ နနွင်းမှုန့် နှင့် အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ။
  2. ကြက်သွန်နွမ်းသွားလျင် ခရမ်းချဉ်သီးကို ထည့်ပါ ။ ခရမ်းချဉ်သီးများကြေ၍ အနှစ်ဖြစ်လာလျင် တုံးထားသော ငါးခြောက်များ ထည့်၍ ရေထည့်ပြီး အဖုံးအုပ်၍ မီးအေးအေးဖြင့် တည်ပါ
  3. ငါးခြောက်များ နူးကာနီးလျင် ပြုတ်ထားသော ကုလားပဲများကို ထည့်၍ နှံ့အောင်နယ်ပါ။ ပြီးလျင် မကျည်းနှစ် ကို အရည်ဖျော် ထည့်ပါ။
  4. ထို့နောက် ငရုတ်သီးစိမ်း နှင့် ရုံးပတီသီး တို့ကို ထည့်ပြီး ၅မိနစ်ခန့် ထားပါ။
  5. ထို့နောက် အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar