ငါး - Fish | ဟင်း - Curry

ငါးပြေမနှင့် မန်ကျည်းသီး အနှစ်ဆီပြန်

April 6, 2016

ငါးပြေမနှင့် မန်ကျည်းသီး အနှစ်ဆီပြန်

Share this on:

11

ပါဝင်ပစ္စည်းများ

  • ငါးပြေမ - ၃၀ကျပ်သား
  • ကြက်သွန်နီ - ၁လုံး
  • ကြက်သွန်ဖြူ - ၅တက်
  • ခရမ်းချဉ်သီး - ၃လုံး
  • ငရုတ်ခြောက်တောင့် - ၅တောင့်ခန့်
  • မန်ကျည်းသီး မှည့် - အနည်းငယ်
  • နံနံပင် (သို့) ရှမ်းနံနံ - လိုအပ်သလို
  • ဆား
  • ဆီ
  • ဟင်းခတ်မှုန့်
  • နနွင်းမှုန့်
  • ရှာလကာရည်
  • ငါးငံပြာရည်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ငါးပြေမကို အကြေးထိုး သန့်စင်ပြီး ဆူးတောင် ၊ ပါးဟပ်တွေကို ဖယ်ထုတ်ပစ်ပါ ။
  2. ငါးပြေမဟာ ရွှံ့လူး ငါးဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓားနဲ့မမွှန်းခင်မှာ ရွှံ့ရည် အနံ့ပျောက်အောင် ရှလကာရည်အနည်းငယ်ဖြင့် ပွတ်ပြီး ဆေးကြော ပေးပါ ။
  3. ရှလကာရည်နဲ့ နယ်ဆေးပြီး ရေစစ်ပြီဆိုပါမှ ဆား ၊ ဟင်းခတ်မှုန့် ၊ နနွင်းမှုန့် အနည်းငယ်တို့ဖြင့်နယ်ပြီး (၁၀)မိနစ်ခန့် အရသာနှပ်ထားပါ ။
  4. ကြက်သွန်နီ/ ဖြူ၊  ၊ ငရုတ်ခြောက်တောင့် တို့ကို ညှက်နေအောင် ထောင်းပါ ။
  5. ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ ။  မန်ကျည်းသီးမှည့်ကို ရေနွေးစိမ်ထားပေးပါ ။
  6. ဒယ်အိုးတစ်လုံး အောက်ခြေမှာ ထောင်းထားသော အရောကို ဖြန့်ထည့်ပါ ။
  7. ငါးငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ နနွင်း ၊ အရောင်တင်မှုန့်အနည်းငယ်တို့ဖြင့် ဖြည့်စွက်ပါ ။ အပေါ်မှလှီးထားသော ခရမ်းချဉ်သီးတွေ အုပ်ထည့်ပေးပါ ။
  8. ဒယ်အိုး ပတ်ပတ်လည်ကို ဆီ အနည်းငယ် လောင်းထည့်ပြီး အဖုံးပိတ်ကာ အနှစ်ကျသည် အထိချက်ပါ ။
  9. အနှစ်ကျပြီဆိုမှ အရသာ နယ်ထားတဲ့ ငါးတွေ ထည့်ကာ အဖုံးပိတ်ပြီး ချက်ပါ ။  မမွှေရအောင် မီးအရှိန်ကို လျှော့ချထားဖို့ လိုအပ် ပါမယ် ။
  10. ငါးအသား ၃ပုံ ၂ပုံလောက် ကျက်ပြီဆိုမှ မန်ကျည်းမှည့်ရည်နှင့် နံနံပင် (သို့) ရှမ်းနံနံကို လိုအပ်သလောက် ထည့်ပြီး အဖုံးပိတ်ရေခမ်း ၊  ဆီပြန် လာသည် အထိ ပြန်ချက်ပေးပါ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

1 (1 Votes)