ခရီးရက်ရှည် သွား၍ အိမ်ပြန်ရောက်လျင် ငါးကြော် နှင့် ထမင်းဆီဆမ်း ၊ ပဲနီလေး ဟင်းရည်တို့သည် အနစ်သက်ဆုံး ဟင်းစပ်များ ဖြစ်ပါသည်။ ငါးကြော်သည် အိမ်ရှိကလေး ၊ လူကြီးနှစ်သက်သည့် ဟင်းလျာတခုလည်း ဖြစ်ပါတယ်။ ကျနော်ကတော့ ငါးကြော်လေးကို သံပုရာသီးခြမ်းကို ထမင်းပူပူထဲ မြုပ်၍ စားရသည်ကို နှစ်သက်လှပေသည်။

ပါဝင်ပစ္စည်းများ

  • ငါးအကောင်လိုက် – ၆၀ သား
  • ဆား – အနည်းငယ်
  • ဆီ
  • ကြက်သွန်ဖြူကြော်
  • သံပုရာသီး

ပြုလုပ်နည်း

ငါးကိုသန့်စင်ပြီး ရေဆေးပါ။

ရေဆေး သန့်စင်ထားသောငါးကို ခပ်ကြီးကြီးလေးမွှန်း၍ ဆားနယ်ထားပါ။

ဒယ်အိုးထဲတွင် မီးပြင်းပြင်း၊ ဆီပူပူထဲတွင် ငါးကို ထည့်လိုက်ပါ။

ငါးထည့်ပြီးလျင် မီးကိုလျှော့၍ မီးအေးအေးဖြင့် ငါးကို ကြွပ်အောင် ကြော်ပါ။

ငါးအရောင် ဝါညိုရောင်သန်းသွားလျင် ဆီအိုးထဲမှထုတ်၍ ဆီစစ်ထားပါ။

စားကာနီးတွင် ငါးကြွပ်ကြွပ်လေး ပေါ်မှ ကြက်သွန်ဖြူကြော် ကြွပ်ကြွပ်လေးကို ဖြူး၍ သုံပုရာသီးခြမ်းလေးနှင့်တွဲ၍ သုံးဆောင်နိုင်ပါသည်။

မှတ်ချက် – သံပုရာသီး အသင့် မရှိ၍ ယခုချက်သည့်အထဲတွင် မထည့်နိုင်ပါ။

MyFood Myanmar