ဒီတစ်ခါမှာတော့ ဟင်းကို အရည်လေးနဲ့မှ စားချင်ပါတယ်ဆိုသူများအတွက်ပါ။ ဟင်းကိုမှ အဆီတွေသိပ်မပါဘဲ အရည်လေးနဲ့ ရောချက်ထားတော့ အီမှာလည်းမပူရတော့ဘဲ ထမင်းလည်းစားလို့မြိန်မှာပါ။ ငါးကြင်းဖြူဆိုတော့ အရသာလည်းချိုပြီး အရိုးလည်းသိပ်မပါတော့ အရိုးကြောက်သူများလည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အရိုးရှင်းတဲ့ ငါးကြင်းဖြူ ခုတ်သား
ဆား
နနွင်း
ငံပြာရည်
ဆီ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ခရမ်းချဉ်သီး – ၁ လုံး
ဆေးမဆိုးထားသော မျှစ်နုနု
ခဝဲသီး
နံနံပင်မြစ် အရိုး

ပြုလုပ်နည်း

အရိုးရှင်းထားတဲ့ ငါးကြင်းဖြူ ခုတ်သားလေးကို ဆား ၊ နနွင်း ၊ ငံပြာရည် နဲ့ ၁ နာရီခန့် နယ်ထားပါ။
ဆီအနည်းငယ်မှာ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး တို့ကို အိလာအောင် လှိမ့်ထားပါ ။
ပြီးလျှင် ငါးထည့် လုံးပြီး ငါးအရောင် ပြောင်းပြီဆိုမှ ရေနွေးသင့်ရုံ ထည့်ပြီး ငံပြာရည် လိုသလို ထည့်ကာ အုပ်ထားပါ ။
ခဏကြာလျှင် ဆေးမဆိုးထားသော မျှစ်နုနု တစ်ရေပြုတ်ကို ဓါးပြားရိုက်ထည့် ၊ ခဝဲသီးချိုချိုထည့် ၊ နံနံပင်အမြစ် အရိုးလေးတွေထည့် ပေးပါ ။
ချခါနီး ငရုတ်သီးလေး ဓါးပြားရိုက်ပြီး ထည့်ပေးပါ ။ ချိုုချို မွှေးမွှေး စပ်စပ် ထမင်းမြိန်လှပါတယ်ရှင် ။

Credit: Soe’s Cooking Collection