ငါး - Fish | ဟင်းရည် - Soups

ငါးနှပ် ဟင်းချို

May 6, 2016

ငါးနှပ် ဟင်းချို

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးနှပ်
  • ကြက်သွန် ဖြူ /နီ
  • နနွင်းမှုန့်
  • မျှင်ငပိ
  • ဆား
  • မကျည်းနှစ်
  • နံနံပင်
  • ငရုတ်ကောင်းမှုန့်
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးနှပ်ကို သေချာဆေးပြီး ဘေးတောင်လေးတွေ ၊ ခေါင်း နဲ့ အမြီး ဖြတ်ပေးပါ ။ အကောင်အရွယ်အစားပေါ်လိုက်ပြီး နည်းနည်းကြီးမှ ၂ ပိုင်းဖြတ်ပေးပါ ။ အကောင်နည်းနည်းငယ်ရင် မဖြတ်ပါနဲ့ သူက ပျော့တတ်တဲ့အမျိုးမို့ ကြေသွားမှာစိုးလို့ပါ ။
  2. ကြက်သွန် ဖြူ /နီကို နနွင်းမှုန့်နည်းနည်းထည့်ပြီး ညက်အောင်ထောင်းပေးပါ ။ ပြီးရင်တော့ ချက်မယ့်အိုးထဲ မိမိလိုသလောက် ရေအချိုးအစားထည့်ပြီး ထောင်းထားတဲ့ကြက်သွန်တွေကိုပါ ထည့်ပေးပါ ။ မီးဖိုပေါ်တင်ပေးပြီး အရည်ဆူလာသည်ထိ တည်ထားပေးပါ ။ မျှင်ငပိကို မဆိုစလောက်လေးထည့်ပေးပါ ။ (အချိုမှုန့် ၊ ဟင်းခတ်မှုန့် သုံးတဲ့သူက မထည့်လည်း ရပါတယ် ။ အချိုမှုန့် မစားတဲ့သူတွေက မျှင်ငပိကို ထည့်ကိုထည့်ပေးရပါလိမ့်မယ်) ဆားနည်းနည်းထည့်ပေးပါ ။
  3. ဟင်းရည်ဆူလာပြီဆိုရင်တော့ ငါးကိုထည့်ပေးပါ ။ တပြိုင်တည်းမှာပဲ မကျည်းနှစ်နည်းနည်း ရေဖျော်ထည့်ပေးပါ ။ အရသာနဲ့ အရောင်အတွက် နည်းနည်းပါ။ ငရုတ်ကောင်းမှုန့် နည်းနည်းခပ်ပေးပါ ။ ဟင်းရည်ထပ်ဆူလာပြီဆိုရင် မိမိကြိုက်သလို အချို အငန် မြည်းပြီး အနေတော်ပြီဆိုရင်တော့ နံနံပင်လေး ခပ်ပေးပါ ။
  4. ပူပူနွေးနွးစားရတာ တကယ်အရသာရှိပါတယ် ။ စားဖို့ ဟင်းခွက်ထဲကို ထည့်ပြီးရင် သံပုရာသီး ညှစ်ထည့်ပေးပါ ။ မကျည်းနှစ် နည်းနည်းထည့်ထားတဲ့အတွက် သံပုရာသီးထည့်တဲ့အခါ သတိတော့ ထားဖို့ လိုပါလိမ့်မယ် ။ သံပုရာရနံ့ သင်းသင်းလေးနဲ့ ဆီလုံးဝမပါတဲ့ သဘာဝစစ်စစ် ငါးနှပ်ဟင်းချိုကို ရပါပြီ ။
Credit: Yadana Moe

Review

User Rating

4.7 (3 Votes)