ငါး ငရုပ်စိမ်း ဂျုးချက်

Share this on:

ငါး ငရုပ်စိမ်း ဂျုးချက်

ပါဝင်ပစ္စည်းများ

  • ငါးကြင်း - ၃၀သား (အနေတော် အတုံးလှီးထားပါ)
  • ဂျုးမြစ် - ၂ စီး (လက်တဆစ်ခန့် ဖြတ်ထားပါ)
  • ခရမ်းချဉ်သီး - ၂ လုံး (၆စိပ် စိပ်ထားပါ)
  • ကြက်သွန်နီ - ၁ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၃ မွှာ (တပြား ရိုက်ထားပါ)
  • ဂျင်း - အနည်းငယ်(ထောင်းထားပါ)
  • ပဲပုတ်စေ့ အသေး - ၃ ဇွန်း (ထမင်းစားဇွန်း)
  • နနွင်းမှုန့် - အနည်းငယ်
  • ငရုတ်ခြောက် အတောင့် - ၅ တောင့် (ရေစိမ်ရ်ျ ထောင်းထားပါ)
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်
  • ငရုတ်သီးစိမ်းအတောင့်ရှည် - ၃ တောင့် (တစောင်းထူထူလှီးထားပါ)

ပြုလုပ်နည်း

  1. အနေတော် အတုံး လှီးထားသော ငါးကို ဆားနှင့် နယ်ရ်ျ ဆီပူပူထဲတွင် တပါတ်ရစ် ကြော်ပြီး ဆယ်ရ်ျ ဖယ်ထားပါ ။
  2. ဒယ်အိုး နောက်တခုထဲတွင် ငါးကြော်ထားသော ဆီ ၃ဇွန်းကို ယူရ်ျ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ နနွင်းမှုန့် ၊ ငရုတ်ခြောက်တောင့်အနှစ်တို့ကို ဆီသပ်ပါ ။
  3. ဆီသပ်နံ့ မွှေးလာလျင် ချက်ရန် အသင့်ပြင်ထားသော ခရမ်းချဉ်သီး ၊ ဂျုးမြစ် ၊ ပဲပုပ်စေ့ ၊ငရုတ်သီးစိမ်းအတောင့်ရှည် နှင့် ရေအနည်းငယ် ထည့်ရ်ျ အဖုံး အုပ်ပြီး တည်ထားပါ ။
  4. အိုးထဲတွင် ထည့်ထားသော အဆာများ အနည်းငယ် နွမ်းပြီး အနှစ်ဖြစ်သွားလျင် ကြော်ထားသည့် ငါးကိုထည့်ရ်ျ အနှစ်နှင့် သမသွားအောင် အိုးကို ညင်သာစွာ လှုပ်ပေးပါ ။
  5. ဟင်းအိုး ဆီပြန်လာလျင် အရသာ အပေါ့အငံ မြည်းရ်ျ လိုအပ်သည်များကို ဖြည့်စွက်ပြီး သုံးဆောင်နိုင်ပါပြီ ။
  6. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

5 (2 Votes)