မစည် သိရသလောက်ဆို ငုံးသားကိုချက်စားကြတာ နည်းပါတယ်။ အကြော်နှင့် အကင်ကိုပဲ ဦးစားပေး လုပ်စားဖြစ်ကြသော သူများ များပါတယ်။ ဒါကြောင့် မစည်က ကြော်တာလေးကို မန်းကျည်းနှင့် ပြန်နှပ်တာ ချက်လိုက်တော့ လူကြိုက်များသွားသော ဟင်းတစ်ခွက် ဖြစ်သွားတာကြောင့် အားလုံး ချက်စားလို့ ရအောင် ပြန်မျှဝေလိုက်ပါတယ်နော်…။

ဟင်းအနှစ် လုပ်ရန်

  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ – ၃ မြွှာ(ထောင်းထားပါ)
  • ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
  • ချင်း – လက်တစ်ဆစ်ဝက် (ထောင်းထားပါ)
  • အသီးအရွက်ဆီ – စားပွဲဇွန်း ၂ ဇွန်း
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးစိမ်း – ၅ တောင့် (အစေ့ထုတ်ပြီး သေးသေးလေးတွေထားပါ)
  • ပင်စိမ်း – ၃ ပင်
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မန်ကျည်းနှစ် – စားပွဲဇွန်း ၁ ဇွန်း ခွဲ

ပြုလုပ်နည်း

  1. ငုံးအကောင်လေးများ ဆူးချွန်လေးနှင့် တစ်ကောင်လုံးနံှ့အောင်ထိုးပြီး ငုံးနယ်ရန် ပစ္စည်းလေးများထည့်ပြီး နှံ့အောင်နယ်နှပ်ထားပါ။
  2. မီးအနေတော်နှင့် ငုံးကြော်ရန်ဆီကို ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် ဆားနယ်ထားသောငုံးထည့်ပြီး ငုံးရွှေရောင်သန်းလာသည် အထိလောက်ကြော်ပါ။ ဆီစစ်ထားပါ။
  3. ဟင်းအနှစ်တည်ရန် မီးအနေတော်နှင့် အိုးပူလာအောင်တည်ပါ။ ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ၊ ချင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းထည့်ပြီးဆီသတ်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် မန်ကျည်းနှစ်ကိုထည့်၍လုံးပေးပါ။ ပြီးလျှင် ငံပြာရည်ထည့်ပြီး တည်ပါ။ ကျန်ဆီသတ်ရန် ပါဝင်ပစ္စည်းများထည့်ပြီးတည်ပါ။
  4. ခရမ်းချဉ်သီးအနှစ်ထဲ ငုံးကြော်ထည့်ပြီး လုံးပေးပါ။ ရေအနည်းငယ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ရေခန်းသွားလျှင် ပင်စိမ်းရွက်ဖြူးပြီး မီးဖိုပေါ်မှချပါ။

ပါဝင်ပစ္စည်းများ

  • ငုံး – ၃ ကောင် (အကောင်လိုက် ရေဆေး ဆားနယ်နပ်ထားပါ)
  • ဆီ – လိုသလောက် (ငုံးကြော်ရန်)

ငုံးနယ်ရန်

  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းခတ်အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • ချင်းအရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း