Recipes | အသုပ် - Salad

ငှက်ပျောဖူး အစိမ်းသုပ်

January 22, 2016

ငှက်ပျောဖူး အစိမ်းသုပ်

Share this on:

ငှက်ပျောဖူး အစိမ်းသုပ်

ပါဝင်ပစ္စည်းများ

  • ငှက်ပျောဖူး အတွင်းသား အနုပိုင်း
  • ရှလကာရည် (ဗက်နီကာ)
  • ဆား
  • ရှမ်းနံနံ
  • ကြက်သွန်နီ
  • ငရုပ်သီးစိမ်း
  • ငံပြာရည်
  • ပုဇွန်ခြောက်(သို့) ပုဇွန်စိမ်း ဆီပူထိုး
  • သံပရာသီး

ပြုလုပ်နည်း

  1. ငှက်ပျောဖူး အတွင်းသား အနုပိုင်းကို ကြက်သွန်ခြစ်နှင့် ခြစ်၍ ရေဆေးပါ။
  2. ဆား၊ ဗက်နီကာနှင့် နယ်၍ လေလုံအောင် ထုပ်ပြီး တစ်ညသိပ် သိမ်းထားပါ။ သုပ်မည့်အခါ ရေသန့်နှင့် ဆေးပြီး ညှစ်ပြစ်ပါ။
  3. ရှမ်းနံနံပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်း၊ ငံပြာရည်၊ ပုဇွန်ခြောက်(သို့) ပုဇွန်စိမ်း ဆီပူထိုး (ပုဇွန်မီးဖုတ်လေးနဲ့ ဆိုရင်တော့ ပြောဖွယ်ရာ မရှိပါ)
  4. တစ်ညသိပ် ငှက်ပျောဖူး အနုနှင့် ပါဝင်ပစ္စည်းများ အားလုံးကို ဆီချက်နှင့် ရောနယ်ပြီး အပေါ့အငံမြည်းရ်ျ စားသုံးနိုင်ပါသည်။
  5. သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်က ပိုမွှေးပါသည်။
Credit: Ma Paung