ငှက်ပျောသီး ဆနွင်းမကင်း

Share this on:

ပါဝင်ပစ္စည်းများ

  • သီးမွှေး ၁၀လုံး
  • အုန်းနို့ ဘူးကြီး တဝက်
  • ရွှေကြည် ၆ ဇွန်းခန့်
  • ဂျုံမှုန့်
  • သကြား ၁၀/၁၁ဇွန်း (အချိုအနေအထားစိတ်ကြိုက်ပြင်ပါ။)
  • ထောပတ် ၅ဇွန်း
  • ဆား အနည်းငယ်
  • Food Colour ၁စက်
  • ဘိန်းစေ့ အနည်းငယ်

ပြုလုပ်နည်း

  1. ငှက်ပျောသီးကို ကြေအောင် လက်နှင့် ချေပါ။
  2. ဘိန်းစေ့နှင့် Food Colour မှ လွဲ၍ အကုန် ထည့်မွှေပါ
  3. နှံ့သွားရင် အရောင် ထည့်မွှေပါ။
  4. ဖုတ်မဲ့ ဇလုံကို ထောပတ်သုတ်ပြီး ပြောင်းထည့်ပါ။
  5. ဘိန်းစေ့ ဖြူးပါ။
  6. အပူချိန် ၁၆၀နဲ့ မိနစ် ၄၅မိနစ်ခန့် ဖုတ်ပါ။
Credit: ချက်ကြည့်ကြစို့

Review

User Rating

3.8 (17 Votes)