ငယ်ငယ်ကတော့ အမေက ငရုတ်သီးစိမ်းအပွကြီးတွေဝယ်လာပြီးရင် ဝက်သားနဲ့ အစာသွပ်ပြီး ဆီပြန်ဟင်းချက်ကျွေး နေကြပေါ့။ ဒါပေမယ့် ကျမဒီနေ့ လုပ်စားဖြစ်တာက ငရုတ်သီးစိမ်း အတောင့်ရှည် (မစပ်ပါ) ကို ဝက်သားအစာသွပ် အချို ချက်နည်း သုံးထားတာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သား ( နုတ်နုတ်ဆင်းထားပါ)
  • ငရုတ်သီးစိမ်းအတောင့်ရှည်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆီ
  • ဆား
  • သကြား
  • ပဲငံပြာရည်
  • ခရုဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. အရင်ဆုံး နုတ်နုတ်ဆင်းထားတဲ့ ဝက်သား ကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့နဲ့ ဆီသတ် ၊ အရသာ အတွက် ဆား ၊ သကြား ၊ အရောင် လေးလှဖို့အတွက် ပဲငံပြာရည် နည်းနည်းလေး ထည့်ပါတယ် ။ ဒီနေရာမှာ ဝက်သားကို ကျက်သွားအောင် မတည်ပါဘူး ။ ဝက်သားအနံ့ပျောက်ပြီး ဆီသတ်အနံလေးမွှေးလာပြီ ဆိုရင် ချက်ချင်း ခွင်ပေါ်က ချပြီး အအေးခံထားပါ ။
  2. အအေးခံထားတုန်း ငရုတ်သီး တွေကို ပြင်ဆင်ပါတယ် ။ ငရုတ်သီးကို အလယ်ကနေခွဲပြီး အထဲက အစေ့တွေ အကုန်ထုတ်ပြစ်ပါတယ် ။ ပြီးမှ ခုနက ဆီသတ်ထားတဲ့ ဝက်သားကို အစာသွပ်ပါတယ် ။
  3. ပြီးရင်ဖြင့် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့် ခုနကအစာသွပ်ထားတဲ့ ငရုတ်သီးလေးတွေထည့်ပြီး မီးအေးအေးလေးနဲ့ ကြော်ပါတယ် ။ (မီးများရင် ငရုတ်သီးတွေ ပေါက်ပြဲ ကုန်မှာပါ) ဝက်သား ၊ ငရုတ်သီး စားလို့ ရတဲ့ အနေအထားရောက်ရင်တော့ ခရုဆီကို ရေအနည်းယေ် ဖျော်ပြီး အပေါ်ကနေ ဆမ်းလိုက်ပါတယ် ။ ၁မိနစ်လောက် ထားပြီးရင်ဖြင့် ခွင်ပေါ်ကချပြီး သုံးဆောင် နိုင်ပါပြီ ။
  4. ငရုတ်သီးကို ဆီနဲ့ကြော်ထားတော့ ငရုတ်သီးအနံ့ နဲ့အတူ ငရုတ်သီးလေးက ခပ်တင်းတင်းလေးဖြစ်နေပါတယ် ။ ခရုဆီလေး စိမ့်ဝင်နေတဲ့ ဝက်သားရဲ့ အရသာ ကတော့ ကိုယ်တိုင်လုပ်စားကြည့်ပါနော် ။ငရုပ်သီး စားလို့ ရတဲ့ အနေအထားရောက်ရင်တော့ ခရုဆီကို ရေအနည်းယေ် ဖျော်ပြီး အပေါ်ကနေ ဆမ်းလိုက်ပါတယ် ။ ၁မိနစ်လောက် ထားပြီးရင်ဖြင့် ခွင်ပေါ်ကချပြီး သုံးဆောင် နိုင်ပါပြီ ။

Credit: အိမ်ဟင်းလေး တစ်ခွက်