Recipes

ငရုတ်သီးထောင်းမွှေးမွှေးလေး

March 8, 2016

ငရုတ်သီးထောင်းမွှေးမွှေးလေး

Share this on:

ရာသီဥတုကလည်း အပြင်မှာ မိုးအေးနေတော့ ရာသီဥတုနဲ့ လိုက်ဖက်မယ့် ငရုတ်သီးထောင်းလေး လုပ်စားဖြစ်ပါတယ် ။  လွယ်ကူပြီး မြန်ဆန်ပြီး ခံတွင်း တွေ့စေမယ့် ဟင်းရံ တစ်ခွက် ဖြစ်လို့ ထမင်းချိုင့် ထည့်ရတဲ့ ဝန်ထမ်းများ အတွက်လည်း အဆင်ပြေမှာပါ

လိုအပ်သောပစ္စည်းများ

  • ငရုတ်သီးအစိမ်း အမှည့်ရောရာ - လက်ဖက်ရည်ပန်ကန်လုံး ၁ လုံးခန့် -
  • ကြက်သွန်နီ - ဥသေး ၁ ဥ
  • ကြက်သွန်ဖြူ - ၁ ဥ
  • ပုစွန်ခြောက် - အနည်းငယ်
  • ငရုတ်ကောင်းစေ့ - ၅ စေ့ခန့်
  • သံပုရာသီး - ၁ လုံး

ပြင်ဆင်နည်း

  1. ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူများကို ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ ။ ၊ -
  2. ပုစွန်ခြောက်ကို ရေစင်အောင်ဆေး ရေစိမ်ပြီး ညက်အောင် ထောင်းထားပါ ။
  3. ကြက်သွန်နီများကို ပါးပါးလှီးပါ ။
  4. ယိုးဒယားငံပြာရည် ၊ သကြား နှင့် သံပုရာသီး အရည်ကို မိမိစိတ်ကြိုက် အချိုးအဆ အတိုင်း ရောစပ်ပြီး ဖျော်ထားပါ ။
  5. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများ နဲ့ ငရုတ်ကောင်းစေ့များကို မီးအေးအေးနဲ့ မွှေးပျံပြီး ခြောက်ကပ်လာသည်အထိ လှော်ပေးပါ ။
  6. လှော်ထားတာတွေ ရပြီ ဆိုလျှင် ပုစွန်ခြောက်ထောင်း အပါအဝင် ငရုတ်ဆုံထဲ အားလုံးရောပြီး ဆားနဲ့အတူ ထောင်းပါ ။
  7. ငရုတ်သီးအနှစ် မညက်တညက် ရပြီဆို ဖျော်ထားတဲ့ အရသာရည်နဲ့ ရောစပ်ပြီး ဇွန်းဖြင့် သမအောင်မွှေပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ ။
  8. သံပုရာသီး တစ်လုံးလုံးရဲ့ အရည်ကို ငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ကည်ဇွန်း ၁ ဇွန်း နဲ့ ရောစပ်တဲ့ အချိုးအဆက စားလို့ ကောင်းပါတယ် ။   ငရုတ်ကောင်းက မထည့်ရင်လည်း ရပါတယ် ။   သူ့ကို အနံအရသာ ပိုမိုမွှေးပျံစေဖို့ သုံးထားတာပါ ။
  9. ဒီငရုတ်သီး ထောင်းလေးကို ကြက်သား ကာလသားဟင်း ၊ ခရမ်းသီးမီးဖုတ်သုပ် စတဲ့ ဟင်းတွေနဲ့ တွဲဖက်စားမယ်ဆိုရင် အင်မတန်မှ ဟင်းမြိန်စေပါတယ် ။
Credit: Warr Tee

Review

User Rating

2.5 (2 Votes)