ရာသီဥတု အပြောင်းအလဲတွေကြောင့် ထမင်းစားလို့ မကောင်းဘူးဖြစ်နေပြီလား။ တခါတလေမှာ ဘာမှကိုစားချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ကူညီပေးမယ့် ငရုတ်သီးထောင်းလေးကို သတိရလိုက်ပါ။ လွယ်လွန်းလို့ တခါမှတ်ထားပြီးရင် ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူးနော်။

ပါဝင်ပစ္စည်းများ

ငရုတ်သီးအရှည်အမှည့်တောင့် ၂၀ခန့် (မိမိကြိုက်သလောက် ထည့်လို့ရပါတယ်)

အပေါ်ယံ အခွံပါးသာ နွှာထားတဲ့ ဗမာကြက်သွန်ဖြူ ၁ ဥ

ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုရာသီး တစ်ခြမ်း

ပြင်ဆင်ပြုလုပ်နည်း

ငရုတ်သီးထောင့်များအား သေချာစွာ ရေဆေးပြီး စစ်ထားပါ။ အပေါ်ယံ အခွံပါးသာ နွှာထားသော ကြက်သွန်ဖြူများအား အခွံပါ ကြေညက်သည် အထိ ထောင်းပါ။

ငရုတ်သီး အနီများ ထည့်ထောင်းပါ။ အရသာ ထည့်ပါ။ သံပုရာရည် ညှစ်ချပါ။

အရသာရှိပြီး လုပ်ရတာ လွယ်ကူတဲ့ ငရုတ်သီးဆားထောင်းကို ကြက်သား ကာလသားချက်၊ ငါးခေါင်းမျှစ်ချဉ် ဟင်းရည်များနှင့် တွဲဖက် စားသုံးရင် အရမ်း ထမင်းမြိန်စေပါတယ်။

Credit: Wartee