ငရုတ်ရွက်သုပ် မွှေးမွှေးလေး

Share this on:

64,2

64,1

ပါဝင်ပစ္စည်းများ

  • အရွက်များ ခြွေထားသော ငရုတ်ရွက် - အနေတော် ဇကာတလုံး
  • မညက်တညက် ထောင်းထားသော မြေပဲလှော် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၂ဇွန်း
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်ရွက်ကို ရေစင်အောင်ဆေးပြီး ၂မိနစ်ပြုပ်ကာ ရေသွန်ပြီး နောက်ထပ်၂မိနစ် ထပ်ပြုပ်ပေးပါ ။
  2. ပြုပ်ပြီးပါက ရေအေးနဲ့ ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ ။
  3. ဇလုံကျယ်ကျယ်ထဲမှာ ငရုတ်ရွက်ပြုတ် ၊ ကြက်သွန်နီ ၊ မြေပဲ ၊ ပုဇွန်ခြောက် ၊ ပဲမှုန့် ၊ အရသာမှုန့် ၊ ကြက်သွန်ဖြူဆီချက် ၊ ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ ။
  4. နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ငရုတ်ရွက်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ ။
Credit: Mar Mar Lwin

Review

User Rating

1 (1 Votes)