အထွေထွေ ဗဟုသုတ - General Knowledge

စပါးလင် နှင့် လီမွန် ရေခဲစိမ် Green Tea (Lemon Grass and Lemon Iced Green Tea)

July 7, 2016

စပါးလင် နှင့် လီမွန် ရေခဲစိမ် Green Tea (Lemon Grass and Lemon Iced Green Tea)

Share this on:

စပါးလင် ၊ လီမွန် နှင့် Green Tea သုံးမျိုးပေါင်းစပ်ထားတော့ နုးညံသောသင်းအရနံ က ဆွဲဆောင်မှုအပြည့်နှင့် သင့်သောက်သုံး လိုက်လျှင်လဲ  လန်းဆန်းကြည်လင်သွားစေပါတယ် ။ အန်တီအောက်စီဒန် နှင့် ကာဖင်းဓာတ်အားနည်းတာကြောင့် တစ်နေကုန် လန်းဆန်းတက်ကြွမှုကို ခံစားနိုင်အောင် သောက်သုံးနိုင်ပါတယ် ။ ခန္ဓာကိုယ်အဆီ မတက်အောင် ထိမ်းသိန်းနေသောသူများ ပိုသောက်သင့်ပါတယ် ။ ကျမ်းမာရေးလိုက်စားသူများ အနေနှင့်လဲ သိပ်ကိုသောက်သုံးသင့်သော Tea ပါ ။

ပါဝင်ပစ္စည်းများ

  • စပါးလင် - ၃ ချောင်း (အလယ်မှနေ ထက်ခြမ်းခြမ်းထားပါ၊ အနည်းငယ်ထုထားပါ)
  • ရေအေး - ၇၀၀ မီလီ
  • Green Tea ၂ ထုပ် (ကိုးရီးယား (သို့) ဂျပန် Green Tea)
  • ရေခဲတုံးအကြီး လိုသလောက်
  • လီမွန် သံမယိုသီး ၂ လုံး (ပါးပါးကွင်းလေးတွေ လှီးထားပါ)
  • ပျားရည် ၃ ဇွန်း စားပွဲ ဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. အိုးအသေးလေးထဲကို စပါးလင် နှင့် ရေထည့်ပြုတ်ပါ ။ ဆူအောင်တည်ပါ ။ ပြီးလျှင် မီးမျှင်မျှင်လေး နှင့် ၁၅ မိနစ်လောက် တည်ပါ ။ မီးပိတ်ပြီး Green Tea များထည့်ပြီး ၁၀ မိနစ်လောက်နှပ်ထားပါ ။
  2. အအေးခံထားပါ ။ ပါဝင်ပစ္စည်းများကို ဇကာဖြစ် စစ်ပါ ။ အရည်ကြည်ကို ပျားရည်ဖြင့် ရောမွှေပါ ။
  3. သောက်သုံးရန် ဖန်ခွက်ထဲ ရေခဲတုံး နှင့် လှီးထားသော လီမွန်းပြားလေးများ ထည့်ပါ ။ ပြီးမှ ပေါ်မှ အအေးခံထားသော Green Tea လောင်းချပါ ။ စပါးလင်ချောင်း (သို့) လီမွန်ပြားလေးနှင့် အလှဆင်ပြီး လတ်ဆတ်စွာ သောက်သုံးလို့ ရပါပြီး ။ မှတ်ချက်- ပျားရည်အစား သကြားညို လဲ အစားထိုးသုံးနိုင်ပါတယ် ။ လုပ်ပြီးသား Green Tea ပိုလျှင် ရေခဲသေတ္တာထဲမှာ ၂ လောက်ထား သောက်လို့ရပါတယ်။
Credit: Syi Foodsgarden

Review

User Rating

0 (0 Votes)