စပျစ်သီးမှာ အစိမ်းရောင်၊ အနီရောင်၊ အမည်းရောင်ဆိုပြီး အရောင်မျိုးစုံရှိပါတယ်။ မြန်မာပြည်မှာ အစိုက်များတာကတော့ အမည်းရောင်နဲ့ အစိမ်းရောင် တို့ ဖြစ်ပါတယ်။ စပျစ်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ ဗီတာမင် B6 ၊ ဖော့ဖရိတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ သတ္တုဓာတ်တို့ ပါဝင်ပါတယ်။ စပျစ်သီးမှာ အစွမ်းထက်တဲ့ antioxidants တွေ ပါဝင်ပြီး အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

စပျစ်သီးဟာ နှလုံးရောဂါဖြစ်နိုင်ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။ ကိုလက်စထရောနဲ့ အောက်ဆီဂျင် ဓာတ်ပေါင်းမှုတို့ကြောင့် သွေးကြော မပိတ်အောင် ကာကွယ်ပေးပြီး ရုတ်တရက် နှလုံးရောဂါ ထဖောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။စပျစ်သီးကို ဖျော်ရည် လုပ်သောက်မယ် ဆိုရင်တော့ ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပြီး နံနက်ပိုင်းမှာ ရေမရောဘဲ သောက်ပေးသင့်ပါတယ်။ စပျစ်သီးဟာ ဝမ်းမှန်မှန် သွားစေပြီး အူနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။

စပျစ်သီးဟာ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပြီး အဆုတ်အား ကောင်းစေပါတယ်။ အစာချေဖျက်မှုကို အားပေးတာကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကို မဖြစ်ပွားစေပါဘူး။ စပျစ်သီးဖျော်ရည်ဟာ သံဓာတ်ကို ဖြည့်တင်းပေးတာကြောင့် ညောင်းညာခြင်းကို သက်သာစေပါတယ်။ အမည်းရောင် စပျစ်သိးဖျော်ရည်ဟာ antioxidant တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကို တိုးမြှင့်စေပါတယ်။ ရင်သားကင်ဆာကိုလည်း မဖြစ်ပွားစေပါဘူး။

စပျစ်သီးဟာ ယူရစ်အက်ဆစ်များခြင်းကို လျော့ကျစေပြီး ကျောက်ကပ်ရောဂါကို သက်သာစေပါတယ်။ ဦးနှောက် ကျန်းမာရေးကို ကောင်းစေပြီး အရွယ်မတိုင်ခင် အမေ့လွန်ခြင်းဖြစ်ပွားမှုကို လျော့ကျပေးပါတယ်။ မျက်စိကျန်းမာရေး အတွက်လည်း အထောက်အကူပြုပြီး တစ်နေ့ သုံးကြိမ် စားပေးခြင်းနဲ့ တိမ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Credit – Goodhealth