စပျစ်သီးကို အင်္ဂလိပ်လို Grapes လို့ ခေါ်ပြီး အသီးထဲမှာ အမြတ်ဆုံး အသီးအဖြစ် တင်စားကြပါတယ်။ အခုရာသီဟာ စပျစ်သီးကို ဈေးချိုချိုနဲ့ ဝယ်ယူလို့ ရတဲ့ ရာသီဖြစ်ပြီး ပေါပေါများများ စားလို့ရတဲ့ ကာလလည်း ဖြစ်ပါတယ်။ စပျစ်သီးကို များသောအားဖြင့် အညိုနဲ့ အစိမ်းရောင်တွေကိုသာ စားကြတာများပါတယ်။ စပျစ်သီးကို ဝိုင်ချက်ပြီး သောက်တဲ့ အခါမှာလည်း ချိုမြပြီး ခံတွင်းကို မြိန်စေနိုင်ပါတယ်။

ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှု မဖြစ်အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်သီးဟာ အသီးတင်မက အစေ့မှာပါ အာနိသင် ရှိပါတယ်။ အစေ့ကို ဝါးစားပေးရင်တော့ ရင်သားကင်ဆာဖြစ်စေမယ့် အဖုအကျိတ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စပျစ်သီးကို စားတဲ့အခါ အစေ့ပါး ညက်အောင် ဝါးစားသင့်ပါတယ်။

grapes-and-wine

စပျစ်သီးဟာ မြန်မာဆေးကျမ်းအရ ဝမ်းကိုအေးစေပြီး ဝမ်းပျော့စေပါတယ်။ ဆီးရွှင်ပြီး သွေးကို သန့်စင်စေပါတယ်။ ချွဲ၊ သလိပ်တွေကို ကင်းစင်စေနိုင်ပါတယ်။ ကင်ဆာရောဂါတွေကို  သက်သာစေနိုင်ပြီး ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ရောဂါတွေကို သက်သာစေပါတယ်။ မျက်စိကို ကျန်းမာစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက် သာစေပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ်။

Ref: Medicalfact, GoodHealth