စမုန်စပါးဆိုတာ ဟင်းခတ်အမွှေးအကြိုင် အဖြစ် လူသိများပြီး ကွမ်းယာထဲ ထည့်စားတဲ့ မွှေးတဲ့ စပါးစေ့လေးတွေ အဖြစ်လည်း လူသိများကြပါတယ်။ စပါးစေ့နဲ့ ပုံစံတူပြီး အစေ့အရွယ်အစားကတော့ သေးပါတယ်။ စမုန်မှာ ငါးမျိုး ရှိပါတယ်။ စမုန်စပါး၊ စမုန်ဖြူ၊ စမုန်နီ၊ စမုန်နက်နဲ့ စမုန်နွယ် တို့ဖြစ်ပါတယ်။

စမုန်စပါးပင်ဟာ နှစ်ကြာခံ အပင်မျိုး ဖြစ်ပါတယ်။ အဝါပွင့်လေးတွေ ပွင့်ပြီး ဥရောပမှာတော့ အရိုင်းပေါက်ရောက်ပါတယ်။ ဥရောပနဲ့ အမေရိကားမှာ အနှံ့အပြားစိုက်ပျိုးကြပါတယ်။  အပင်ရဲ့ ထူးခြားချက်ဟာ အရွက်ရော အစေ့ပါ မွှေးတာပါ။ အပင်နဲ့ အစေ့ကို နှစ်မျိုးစလုံးကို ဆေးဝါး၊ အရက်၊ သကြားခဲနဲ့ အခြားအစားအသောက်တွေမှာ အနံ့မွှေးစေဖို့ အတွက် အသံးုပြုကြပါတယ်။

caraway-seeds

စမုန်စပါးကနေ အဆီထုတ်ပြီး ဆပ်ပြာနဲ့ အမွှေးအကြိုင် ပစ္စည်းတွေ ထုတ်ရာမှာလည်း အသုံးပြုကြပါတယ်။ စမုန်စပါးဟာ လေကို နိုင်စေတဲ့ အစွမ်းရှိပါတယ်။ အမူးအမော်ကို ပြေစေပြီး လူမမာများ ခေါင်းကြည်စေဖို့ ရူကြပါတယ်။ စမုန်စပါးမှာ အစာအိမ် အတွက် ကောင်းမွန်စေတဲ့ အစွမ်း ရှိပါတယ်။ အိန္ဒိယဟင်းလျာတွေမှာတော့ အနံ့ အမွှေးစေဖို့ အတွက် ထည့်ပြီး ချက်ကြပါတယ်။

စမုန်စပါးကို ရေနဲ့စိမ်ပြီး သောက်ပြီးရင် အပူငြိမ်းစေပြီး ခံတွင်းကို အနံ့မွှေးစေပါတယ်။