မီးဖိုချောင်သုံးပစ္စည်းများ - Kitchen Utensils

စဉ်းနှီတုံးတွေနဲ့ မှားယွင်းမှုများ

April 12, 2016

စဉ်းနှီတုံးတွေနဲ့ မှားယွင်းမှုများ

Share this on:

သင်ဟာ မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဖို့ အတွက် စဉ်းစားတော့မယ်ဆိုရင် အခြေခံ အကျဆုံး လိုအပ်ချက်ဟာ ဘာဖြစ်မယ် ထင်ပါလဲ? အများကြီး ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။ အဲ့ထဲကနေ တစ်ခုကတော့
စဉ်းနှီတုံးပါ။ စဉ်းနှီတုံးဟာ မရှိမဖြစ် လိုအပ်တာ သိပေမယ့် အခြေခံကျတဲ့ တစ်ချို့အချက်တွေကိုတော့ မှားယွင်းစွာ ပြုမူတတ်ကြပါတယ်။ ဘယ်ဆိုဒ်ကို သုံးဖို့ သင့်တော်သလဲ? ပန်းကန်ဆေးစက်တွေထဲ စဉ်းနှီပြားတွေ ထည့်လို့ ရလား? အစရှိသဖြင့် လူတွေမှာ မရေရာမှုတွေ အများကြီးကို သတိမမူမိဘဲ နေလာကြတာပါ။ အခု ပြောပြမယ့် စဉ်းနှီတုံးကို မှားယွင်းစွာ အသုံးပြုမိနေတာတွေနဲ့ မှားယွင်းစွာ ပြုမူနေတာတွေပဲ ဖြစ်ပါတယ်။ ဒီထဲက တစ်ချက်ချက်ကို သင်လုပ်မိနေတယ် ဆိုရင်တော့ ချက်ချင်းရပ်ပစ်ဖို့ စဉ်းစားပါလို့ အကြံပေးပါရစေ။

၁။ စဉ်းနှီတုံး တစ်ခုထဲမှာ အသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ခြင်း
အရင် ရေးဖူးတဲ့ စဉ်းနှီတုံးနဲ့ ပတ်သက်တဲ့ ဆောင်းပါးမှာ ပြောထားဖူးပါတယ်။ အသားတွေနဲ့  ဟင်းသီးဟင်းရွက်တွေကို စဉ်းနှီတုံး ခွဲပြီးသုံးသင့်ပါတယ်။ အသားစိမ်းတွေမှာ ပါတတ်တဲ့ ပိုးမွှားတွေ ကူးစက်နိုင်တာကြောင့်ပါ။ ပလပ်စတစ် စဉ်းနှီပြားတွေ သုံးမယ်ဆိုရင်တော့ အရောင်ခွဲပြီး သုံးသင့်ပါတယ်။ အသားဆို အနီရောင်၊ ဟင်းရွက်တွေဆို အစိမ်းရောင် စသဖြင့်ပေါ့။ သစ်သားစဉ်းနှီတုံး သုံးတယ်ဆိုရင်တော့ တိတ်လေးတွေနဲ့ မှတ်သားပြီး ခွဲခြား သုံးသင့်ပါတယ်။

၂။ ချောနေတဲ့ စဉ်းနှီတုံးပေါ်မှာ ခုတ်ဖြတ်နေခြင်း
အသားတွေကို စဉ်းနှီတုံးပေါ်မှာ ခုတ်တော့မယ် ဆိုရင်တော့ သင်ရဲ့ လက်ချောင်းတွေကို သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် ချောနေတဲ့ စဉ်းနှီတုံးတွေပေါ်မှာပေါ့။ မခုတ်ခင် စဉ်းနှီတုံးတွေ ချောမနေအောင် ရေနွေး ခပ်နွေးနွေးနဲ့ ဆေးကြောပါ။ အောက်ခြေကိုလည်း ငြိမ်အောင် စက္ကူစ ဒါမှမဟုတ် အ၀တ်စ တစ်ခုနဲ့ ခုထားပေးပါ။

၃။ ဘက်မှား အသုံးပြုခြင်းနဲ့ အရွယ်အစား မှားခြင်း
ပလပ်စတစ် စဉ်းနှီပြားတွေမှာ ဖြစ်တတ်ပါတယ်။ အောက်ခြေနဲ့ အပေါ်ကို မှားသုံးတတ်ကြတာပါ။ အသုံးမပြုခင် သေချာ ကြည့်ပြီးမှ သုံးသင့်ပါတယ်။ အောက်ခြေကို မဆေးမိလို့ ကျန်နေတဲ့ အညစ်အကြေးတွေ ရှိနိုင်သလို အောက်ခြေရဲ့ စိုထိုင်းမှုကြောင့် ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။  နောက်တစ်ခု မှားတာကတော့ အရွယ်အစားပါ။ ကိုယ်သုံးမှာနဲ့ သင့်တော်တဲ့ အရွယ်အစားကို ခန့်မှန်းပြီး ၀ယ်ပါ။ ကိုယ်က ခုတ်ထစ်ဖို့ ၀ယ်မယ်ဆိုရင်တော့ ဓါးတွေရဲ့ အရွယ်အစားနဲ့ ချိန်ပြီး ၀ယ်သင့်ပါတယ်။

၎။ ပန်းကန်ဆေးစက်ထဲထည့် မဆေးသင့်
ပန်းကန်ဆေးစက် အသုံးပြုသူတွေ အနေနဲ့ စဉ်းနှီတုံးတွေကို ထည့်ပြီး မဆေးသင့်ပါဘူး။ ဆူပွက်နေတဲ့ အပူနဲ့ရေတွေဟာ စဉ်းနှီတုံးတွေက ပွပြီး ပျက်စီးစေပါတယ်။ အပြင်မှာပဲ ရေခပ်နွေးနွေးကို ဆပ်ပြာနဲ့ ဆေးနိုင်သလို အသားတွေ လှီးထားလို့ ပိုသန့်ရှင်းစေချင်ရင်တော့ ရှာလကာရည်ကို ရေနဲ့ ရောပြီး ဆေးနိုင်ပါတယ်။

၅။ သစ်သားစဉ်းနှီးတုံးတွေမှာ အဆီမရှိခြင်း
သစ်သား စဉ်းနှီတုံးတွေက လက်နဲ့ ဆေးတာနဲ့တင် လုံလောက်ပါတယ်။ ရေတွေ တင်မနေစေဖို့ ပျားဖယောင်းလိုမျိုး သုတ်ထားတာမျိုးတွေ တစ်ချို့ဟာတွေက ပေါလစ် တိုက်ထားသလိုမျိုးတွေက ရေတွေ မစုပ်ထားစေဖို့ ကူညီပေးပါတယ်။ ကြာရှည်လည်း အသုံးပြုလို့ အဆင်ပြေပါတယ်။

၆။ စကျင်ကျောက်၊ ဖန်တွေပေါ်မှာ ခုတ်ဖြတ်နေခြင်း
ဆိုလိုတာကတော့ တချို့စဉ်းနှီးတုံးတွေကို စကျင်ကျောက်တွေ ဒါမှမဟုတ် ဖန်တွေနဲ့ အလှဆင်ထားမယ်ဆိုရင် ဓါးတွေနဲ့ ဘယ်လိုမှ အဆင်မပြေစေနိုင်ပါဘူး။ ချော်ထွက်တတ်ပါတယ်။ မြန်မာပြည်မှာတော့ သိပ်မတွေ့ရတတ်ပါဘူး။

၇။ ၀ါးစဉ်းနှီးတုံးတွေပေါ်မှာ ဓါးသွားမထက်တာတွေနဲ့ အသုံးပြုခြင်း
ဝါးတွေဟာ သစ်သားတွေထက် မာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသုံးပြုကြပါတယ်။ ဒါဆိုရင်တော့ ဓါးသွားထက်တာတွေကို ပြောင်းသုံးပါ။

၈။ စဉ်းနှီတုံး တစ်ခုကို နှစ်ရှည်လများ အသုံးပြုခြင်း
မှားယွင်းတဲ့ အသုံးပြုမှုပါ။ စဉ်းနှီတုံးတွေမှာ ခြစ်ရာတွေ များနေပြီး အမည်းစက်တွေ ထင်နေပြီဆိုရင် အသုံးပြုဖို့ မသင့်တော်တဲ့ အချိန်ပါပဲ။ နောက်တစ်ခု ထပ်ဝယ်လို့ သတိပေးတဲ့ လက္ခဏာပါ။ ခြစ်ရာတွေ များလာရင် ပိုးမွှားတွေ ခြစ်ရာတွေထဲမှာ ခိုအောင်းနေတတ်ကြပါတယ်။

တစ်ချို့အရာတွေက သတိမပြုမိဘဲ အသုံးပြုနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ မှားယွင်းနေတဲ့ အချက်တွေကို သိပြီဆိုရင်တော့ ပြုပြင်ဖို့ အချိန်မီပါသေးတယ်။ အိမ်ရှင်မတိုင်း ကျန်းမာပြီး အရသာ ရှိတဲ့ အစားအစာတွေကို ချက်ပြုတ်ပေးဖို့ ဆန္ဒရှိသူတွေ ဖြစ်လို့ အရာအားလုံးကို ဂရုစိုက်ကြပါတယ်။ နောက်ထပ်လည်း သတိမမူမိတဲ့ အချက်လေးတွေကို ပြန်လည် မျှဝေပေးပါဦးမယ်။

Credit: countryliving

Review

User Rating

3.2 (6 Votes)