လူတွေရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဟာ စိတ်နဲ့ အဓိက သက်ဆိုင်နေပါတယ်။ စိတ်ကြည်လင်နေတဲ့အခါ လူဟာ နေထိုင်ရတာ ကောင်းမွန်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ကို ကျန်းမာစေဖို့အတွက် အစားအစာတွေဟာလည်း အရေးပါလှပါတယ်။

အမဲသား

အနီရောင် ရှိတဲ့အသားတွေဟာ ဗီတာမင် ဘီနဲ့ ဇင့်ဓာတ်ကို များစွာရစေပြီး စိတ်ရှုပ်ထွေးမှုကို လျှော့ချပေးနိုင်ပါတယ်။

ကြက်သား

ကြက်သားမှာ အမိုင်နိုအက်ဆစ်ဖြစ်တဲ့ ထရစ်တိုဖန် ပါဝင်တာကြောင့် စိတ်ကိုပျော်ရွှင်စေတဲ့ ဓာတ်တစ်မျိုး ဦးနှောက်က ထွက်လာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အဆီများစွာ ပါဝင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အဆီဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။

ဘယ်လူးဘယ်ရီ

အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်စီတွေဟာ စိတ်ညစ်ညူးမှုတွေကနေ အဝေးကိုခေါ်ထုတ်သွားနိုင်ပါတယ်။

ကန်စွန်းဥ

Sweet Potatoes

စိတ်ညစ်နေတဲ့အချိန် စိတ်ရှုပ်နေချိန်တွေမှာ အချိုများတဲ့ အစားအစာကို စားမိတတ်ကြပါတယ်။ အဲ့ဒီအစား ကန်စွန်းဥကို စားပေးပါ။ အာဟာရလည်း ဖြစ်စေပြီး စိတ်ကိုလန်းဆန်းစေနိုင်ပါတယ်။

Ref: goodhealth (zarchiwin)