တခါတလေ အားကစားခန်းမတွေ၊ Yoga Club တွေထဲဝင်လိုက်ရင် စိတ်ကြည်လင်လန်းဆန်းစေမယ့် အနံ့တစ်ခုရတာ သင်သတိထားမိပါသလား။

အခန်းတွင်း အနံ့ကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ တချို့နိုင်ငံတွေမှာဆိုရင် ဆေးဘက်ဝင် အရွက်တွေကို မီးရှို့ကြပါတယ်။

ကရဝေးရွက်ကို အစားအစာတွေထဲမှာထည့်သုံးရုံတင်မကဘဲ အလှကုန်ပစ္စည်းတွေဖြစ်တဲ့ ခရင်၊ Lotion၊ ဆပ်ပြာတွေ၊ ရေမွှေးတွေစတာတွေမှာလည်း ထည့်သုံးကြပါတယ်။

ကရဝေးရွက်ရဲ့ အကျိုးကျေးဇူး

ကရဝေးရွက်က စိတ်အေးချမ်းပြီး အိပ်ပျော်အောင် ကူညီပေးပါတယ်။ အဲ့ဒီအပြင် အနာသက်သာစေပြီး ရောင်ရမ်းတာတွေ လျော့ပါးစေပါတယ်။ ဘက်တီးရီးယားတွေ မှိုတွေကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ရှိပြီး သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကိုလည်း ကျစေပါတယ်။ ညအိပ်မပျော်တာ၊ နာတာရှည် စိတ်ဖိစီးမှုတွေနဲ့ စိတ်အပြောင်းအလဲဖြစ်တာတွေသက်သာစေပါတယ်။

Type 2 ဆီးချိုရောဂါအတွက်ကောင်း

diabetes-2

ကရဝေးရွက်က သွေးအတွင်း ဂလူးကို့စ်ဓာတ်တွေနဲ့ ကိုလက်စထရောဓာတ်တွေကို ထိန်းညှိပေးတာကြောင့် ဆီးချိုနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ကရဝေးရွက်ကို ရေနွေးကြမ်းလို့ခပ်သောက်ရင် သွေးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

ကရဝေးရွက်ကို ဘယ်လိုသုံးမလဲ

Forget-Incense.-This-Is-Why-You-Should-Burn-Bay-Leaves-In-Your-Home.

စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျတာတွေခံစားနေရရင် ကရဝေးရွက် ၁ရွက်၊ ၂ ရွက်ကို ကိုယ့်အိပ်ခန်းသို့မဟုတ် အလုပ်ခန်းမှာ မီးမလောင်တဲ့ သံပြားဖြစ်ဖြစ်တစ်ခုခုပေါ် တင်ပြီး မီးရှို့လိုက်ပါ။

၁၀ မိနစ်လောက် အခန်းတံခါးတွေ ပိတ်ပြီး ထားလိုက်ပါ။ မီးလောင်လွယ်တဲ့ စာရွက်၊သစ်သားတွေနဲ့ဝေးရာမှာ ထားဖို့ မမေ့ပါနဲ့။

၁၀ မိနစ်ကြာပြီးနောက် အခန်းထဲပြန်ဝင်လာရင် ကရဝေးရွက်ရဲ့ အနံ့တွေက စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ကြွက်သားတွေကိုလည်း သက်တောင့်သက်သာရှိစေပါတယ်။ ဒါဆိုရင် အလုပ်ကိုလည်း ပိုပြီး အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။