စိန်တလုံးသရက်သီးတွေက အချိုပွဲအနေနဲ့ပဲစားလို့ရတယ်လို့ ဘယ်သူမှ မတားဆီးထားပါဘူးနော်။ ဒါကြောင့် အလွန်အရသာရှိတဲ့ စိန်တလုံးသရက်သီးကို ငါးကျည်းခြောက်နဲ့ရောပြီး စပ်စပ်လေးချက်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • ငါးကျည်းခြောက် ၇ ကောင် (ရေစိမ်ပြီး နူးလာရင် အသားနွှင်ထားပါ)
  • သရက်သီး ၂ လုံး (အခွံသင် ပါးပါးလှီထားပါ)
  • ခရမ်းချဉ်သီး မှည့်မှည့် ၂ လုံး
  • ငပိစိမ်းစား ၁ ဟင်းစားဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆီ ၅ ကျပ်သား
  • ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (ထောင်းထားပါ)
  • နံနံပင် အနည်းငယ်
  • ငရုတ်ကြမ်းမှုန့် အစပ် (စားနိုင်သလောက်)

ပြုလုပ်နည်း

  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးများ ဆီသပ်၊ ငပိထည့်၊ ငရုပ်ကြမ်းထည့်၊ မွှေးလာပြီး အနှစ်ရလာပြီဆိုရင် ငါးကျည်းခြောက်ထည့်ပါ။
  • ရေသင့်ရုံထည့်ပြီး ဆူလာရင် သရက်သီးလေးများထည့်၊ ဆားထည့်ပြီး တည်ထားပါ။
  • သရက်သီးများအိလာရင် အပေါ့အငံပြင်ကာ နံနံပင်အုပ်ပြီး စားလို့ရပါပြီ။
  • ချိုချဉ်ငံစပ် ဟင်းလေးတစ်ခွက်ကို ပဲနီလေးထမင်းလေးနှင့် ပိုလို့လိုက်ဖက်လှပါတယ်။

Credit: Soe Cooking Collection