အသင့်စားသုံးဖို့ လှီးချွတ်ထားတဲ့ ဟင်းသီးဟင်းရွက်များ

စူပါမားကတ်မှာ အန္တရာယ်အရှိဆုံး အစားအစာတွေက လှီးချွတ်ပြီး ထုပ်ပိုးထားတဲ့ ဆလပ်ရွက်တွေပါပဲ။ ဒီလို လှီးချွတ်ပြီး ထုပ်ပိုးထားတဲ့ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယား ပိုးမွှားတွေ ပိုမိုနေထိုင်နိုင်ပြီး အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုး ဟင်းသီးဟင်းရွက်တွေကိုဘဲ ဝယ်ပြီး ကိုယ်တိုင် ရေဆေး၊ လှီးချွတ်ကာ တခါတည်း ချက်ပြုတ်ပါ။

14118460-17917460-2-0-1492678896-0-1492695551-1492695559-800-8-1492695559-650-3ebbf66edd-1493194744

ဝက်အူချောင်း၊ ကြက်အူချောင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတောင် ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ဒါကြောင့် အသားအစိမ်းကိုဘဲ ဝယ်ပြီး ကိုယ်တိုင် ချက်ပြုတ်တာက အကောင်းဆုံးပါဘဲ။

14118510-17850260-1-0-1492678082-1492678094-800-7-1492678094-650-44f59fa41e-1493194744

Green Tea

Green Tea မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ပါတယ်။

ဒါပေမယ့် Green Tea ဖျော်ရည်လိုမျိုး တခါတည်း ရေဗူးနဲ့ ထည့်ရောင်းတာတွေမှာ Green Tea ပါတာ နည်းနည်း၊ သကြားနဲ့ ရေတွေဘဲ အများဆုံးပါဝင်ပါတယ်။

ဒါကြောင့် Green Tea လက်ဖက်ခြောက်ထုပ်ကိုပဲ ဝယ်ပြီး အိမ်မှာပဲ အနှပ်ခံကာ သောက်သုံးသင့်ပါတယ်။

14118560-17853410-2-0-1492678896-1492678899-800-8-1492678899-650-ecc86e689a-1493194744

အသီးအနှံယိုတွေ

အသီးအနှံယိုတွေမှာ တကယ်တမ်း အသီးအနှံပါဝင်မှုက ၂၀ ကနေ ၄၀ ရာခိုင်နှုန်းဘဲ ရှိပြီး ကျန်တာတွေက ကြာရှည်ခံပစ္စည်းတွေ၊ အရသာအမှုန့်တွေနဲ့ဘဲ ထုတ်လုပ်ထားပါတယ်။

ဒါကြောင့် စတော်ဘယ်ရီကြိုက်နှစ်သက်သူဆိုရင် စတော်ဘယ်ရီယို ခဏခဏ စားမယ့်အစား စတော်ဘယ်ရီသီး ပေါ်တဲ့အချိန်မှာ အဝစားထားတာ ပိုကောင်းပါတယ်။

14118660-17919060-274217-0-1492695787-1492695808-800-8-1492695808-650-5ac5c61fa2-1493194744

ဆေးဘက်ဝင် အပင်တွေ၊ အစေ့တွေ

ဆေးဘက်ဝင် အပင်တွေ၊အစေ့တွေ ဥပမာ ငရုတ်ကောင်း စတဲ့ အစေ့ကနေ ကြိတ်ရတာတွေကို အစေ့လိုက်ဘဲ ဝယ်တာကောင်းပါတယ်။

ကြိတ်ပြီးသားအမှုန့်တွေက တခြား ဈေးပေါတဲ့ ပစ္စည်းတွေနဲ့ ရောနှောထားကြပါတယ်။

ဥပမာ သစ်ကြမ်းပိုးခေါက်အမှုန့်ကို တခြား ကုံကုမံ (Saffron) အမှုန့်နဲ့ ရောရောင်းတာမျိုးတွေ ရှိတတ်ပါတယ်။