စတော်ဘယ်ရီသီးမှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကောင်းဆုံးအသီးဖြစ်ပါတယ်။

ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်တာကြောင့် စတော်ဘယ်ရီလို အစားအစာတွေ စားသုံးပြီးမှ ဗီတာမင် C ဓာတ်ကို ရယူရပါတယ်။

တစ်နေ့ကို စတော်ဘယ်ရီသီး ၈ လုံး စားရင် လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ဗီတာမင် C ဓာတ်ပိုများပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

ဗီတာမင် C ဓာတ်က ကိုယ်ခံအားစနစ်အတွက်အဓိကကျတာကြောင့် ဖျားနာမှ ဗီတာမင် C ဓာတ်ကိုဖြည့်တင်းတာထက် ပုံမှန်ဖြည့်တင်းပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေး

weight loss

စတော်ဘယ်ရီသီးကို နေ့စဉ်စားရင် ကိုယ်အလေးချိန် ကျစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ကိုယ်အလေးချိန် တက်တာတွေကို ကာကွယ်ပေးနိုင်ပြီးဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေက အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။

အသက်အရွယ်ကြောင့်မှတ်ဉာဏ်ချို့ယွင်းတာကို ကာကွယ်ပေး

iStock_000027329870_resized

အသက်အရွယ်ကြီးလာရင် သတိမေ့တာ၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ဖြစ်လာတတ်ပါတယ်။ စတော်ဘယ်ရီသီးကို တစ်ပတ်မှာ ၂ ကြိမ်လောက်စားသုံးရင် မှတ်ဉာဏ်ချို့ယွင်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီးမှာ Antioxidants တွေနဲ့ရောင်ရမ်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်တာကြောင့် ဦးနှောက်ထဲမှာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။

အိုင်အိုဒင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်ပြီး ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် ဦးနှောက်ကို သွေးစီးဆင်းမှုကို တိုးမြင့်စေပါတယ်။

ကိုလက်စထရောကို လျော့ချပေးပြီး နှလုံးရောဂါကို ကာကွယ်

ecg-1953179_1280

စတော်ဘယ်ရီသီးမှာ ဗီတာမင် စီ၊ ဖောလစ်၊ ပိုတက်ဆီယမ်၊ Flavonoids နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ကိုလက်စထရောနဲ့ သွေးဖိအားကို လျော့ချစေကာ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

table-2723873_1280

စတော်ဘယ်ရီသီးမှာ ကင်ဆာရောဂါဖြစ်ပွားမှိုကု လျော့ချပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။ သူ့မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်ပြီး Antioxidants ဓာတ်တွေက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်းပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေဖြစ်ပေါ်မှုကိုလည်း စတော်ဘယ်ရီသီးမှာပါဝင်တဲ့ flavonoids ဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။