Recipes

စတော်ဘယ်ရီနှစ်ထပ် ကူလ်ဖီး

December 29, 2015

စတော်ဘယ်ရီနှစ်ထပ် ကူလ်ဖီး

Share this on:

ပါဝင်ပစ္စည်းများ

  • နို့စိမ်းဘူး ၃၀၀မီလီ
  • နွားနို့ ၁၅၀မီလီ(ကြိုပြီး)
  • သကြား ၈ဇွန်း(အချိုကြိုက်ရင်ပိုထည့်ပါ )
  • စတော်ဘယ်ရီ ၂၀လုံးခန့်
  • သီဟိုဠ်စေ့ ၈စေ့ခန့် (အစေ့လေးများ ဖြစ်အောင် ထုထောင်းထားပါ)

ပြုလုပ်နည်း

  1. နွားနို့ကို ဆူပြီး မိနစ်၁၅ခန့် ထားပါ။ ပြီးလျှင်နို့စိမ်း၊ သကြား ၄ဇွန်း၊ သီဟိုဠ်စေ့ ထည့်၍ မွှေကာ ၅မိနစ်ခန့် ဆက်ကြိုထားပါ ။
  2. အေးသွားလျှင် ကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲသို့ တဝက်ကျော်ကျော် ထည့်၍ ရေခဲသေတ္တာ ထဲထည့်ပါ။
  3. ပထမ နို့အေးခဲ သွားလျှင် အပေါ် စတော်ဘယ်ရီ အတွက် စတော်ဘယ်ရီသီးကို ရေစင်စင်ဆေး၍ ချေတံနှင့်ချေကာ သကြား ၄ဇွန်းထည့်ပါ။(အကယ်၍ အချဉ် မကြိုက်လျှင်နို့ဆီထည့်ပါ။)
  4. ပြီးလျှင် အေးခဲထားသော အပေါ်သို့ ထည့်၍ ရေခဲသေတ္တာ ထဲထည့်၍ အအေးခံပြီးရပါပြီ။
  5. အလွှာ မကြိုက်ပါက တစ်ခါထဲ ထည့်ပြီး အအေးခံပါ။ ချောကလက်နှင့်လုပ်နိုင်ပါသည်။
  6. အချို ကြိုက်ပါက နို့ဆီထည့်၍ သကြား လျော့ထည့်ပါ။
Credit: ချက်ကြည့်ကြစို့