ဆတ်သား - Venison | ဟင်း - Curry

ဆတ်သားခြောက်ချက်

April 25, 2016

ဆတ်သားခြောက်ချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ဆတ်သားခြောက် - ၁၀ကျပ်သား
  • ခရမ်းချဉ်သီးမှည့် - ၂၅ကျပ်သား
  • ငရုတ်သီးအစိမ်းမှုန့်  - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီအနေတော် - ၂လုံး
  • ကြက်သွန်ဖြူ - ၅မွှာ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၁ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ဂျင်း - အနည်းငယ်
  • နံနံပင် - ၅ပင်
  • ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဆတ်သားခြောက်ကို မချက်ခင် တစ်ညသိပ် ရေစိမ်ပါ ။ အနေတော် အတုံးလေးတွေ တုံးပါ ။
  2. ခရမ်းချဉ်သီးမှည့်တွေကို အစေ့တွေ ဖယ်ထုတ်ပြီး ပါးပါးလှီးပါ ။
  3. ကြက်သွန်ဖြူ ၊ နီ ၊ ဂျင်း ၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို ညက်အောင် ထောင်းပါ ။
  4. အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး ဆူလာလျှင် ကြက်သွန်ထောင်းကို ထည့်ပြီး ဆီသတ်ပါ ။
  5. လှီးထားသော ခရမ်းချဉ်သီးတွေကို ထည့်ပြီး လုံးပါ ။ အသားတွေ လိပ်ပြီး ဆီပြန်လာသည်အထိ တည်ပါ ။
  6. ဆတ်သားခြောက်ကို ထည့်လုံးပါ ။ ရေနွေး ထည့်ပြီး အသားနူးအောင် တည်ပါ ။ ငါးငံပြာရည် ၊ ဆား အနည်းငယ် ထည့်ပါ ။
  7. ငရုတ်သီးစိမ်းကို ထက်ခြမ်း ခြမ်းထည့်ပါ ။ မဆလာထည့်ပါ ။ အရသာအပေါ့အငန် ပြင်ပြီး နံနံပင် ထည့်ပါ ။ အသားနူးပြီဆိုလျှင် ရပါပြီ ။
ဆတ်သားခြောက်ချက်နှင့် တွဲစားမယ့် တို့စရာတွေကို ဆားရည် အရင်စိမ် ၊ ရေစင်စင် ဆေးပြီးမှ စားပါ ။

Credit: KaeKae's FoodPalace

Review

User Rating

0 (0 Votes)