ပါဝင်ပစ္စည်းများ

  • ဆန်စီး ၁ထုပ်
  • ဆန်ပြား ၅၀သား
  • ကြက်သား ၅၀သား
  • ကြက်သွန်ဖြူ၊ နှမ်း၊ မြေပဲ
  • ကြက်သွန်မိတ်၊ တရုတ်မဆလာ

ပြုလုပ်နည်း

ကြက်သားကို သေးသေးတုံး ဆားနယ်ပြီး ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပုထောင်း နှင့် ဆီသတ်၍ ကြက်သား ထည့်ပါ။ ရေအနည်းငယ် ထည့်၍ ကြက်သားနူး အောင်ချက်ထားပါ။

ဆီ၊ ငရုတ်ပုထောင်း၊ ခရမ်းချဉ်သီး ထည့်၍ ကြေအောင် ရေအနည်းငယ် ထည့်၍တည်ပါ။ ပဲငပိ အချိုထည့်ပါ။ ဆီ အနည်းငယ်နှင့် ငရုတ်ပု ထောင်းကို ဆီသတ်ပါ။ ကြက်သွန်ဖြူ ထောင်း၍ ဆီချက်ချက်ပါ။

နှမ်းလှော်ကို ထောင်း၍ ဆီအနည်းငယ်နှင့် ဆီချက်ချက်ပါ။ တရုတ်မဆလာ အနည်းငယ်ထည့်ပါ။ မြေပဲ ထောင်းထားပါ။ ကြက်သွန်မိတ် ပါးပါးလှီး ထားပါ။ ဆန်စီးကို ရေစိမ်ထားပါ။

ရေဆူဆူမှာ ဆန်စီး ပဲပင်ပေါက်ပြုတ်ပါ။ ရလျှင် ရေစစ်ထားပါ။ ပန်းကန် တစ်ခုထဲသို့ ခရမ်းချဉ်သီး ၊ ဆီချက်၊ ပဲငံပြာရည် အကြည်၊ ကြက်သားမှုန့် ထည့်ပါ။ ဆန်စီး ထည့်ပါ။ ကြက်သား၊ ကြက်သွန်မိတ် ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

ဆန်ပြားပြုတ်ရင် အကြာကြီး မပြုတ်ရ။ နံပါတ် ၁+၂+၃ ကို သားသတ်လွတ် သမားမရှိရင် ပေါင်းချက်လို့ရပါတယ်။

Credit: ချက်ကြည့်ကြစို့