ဆန်စီးသုတ်

Share this on:

ဆန်စီးသုတ်အချဉ်

ပါဝင်ပစ္စည်း

  • ကြက်သွန်ဖြူဆီ
  • တရုတ်မဆလာ
  • ဝက်သားစင်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • နံနံပွင့်
  • ဆီ
  • ဆား
  • မြေပဲလှော်ထောင်း
  • ငြုတ်သီး
  • ပဲရွက်
  • မုန့်ညှင်းဖြူ
  • ပဲငံပြာရည်
  • ကြက်သားမှုန့်
  • ဗမာနံနံ
  • ရှမ်းမုန့်ဖက်
  • မုန်လာထုပ်
  • ဗင်နီကာ
  • အချိုမှုန့်
  • ငြုပ်သီးစိမ်း

ပြုလုပ်ရန်

  1. ကြက်သွန်ဖြူ ဆီသက်ပြီး ကျက်တော့ တရုတ်မဆလာ ထည့်ပါတယ် ။
  2. ဝက်သားစင်းသားကို ကြက်သွန်နီဖြူ ၊ ဂျင်း နဲ့ဆီသက်ပြီး အချိုငံ ထည့်ပြီး  နံနံပွင့်လေးထည့် ၊ ဆီပြန် ချက်ထား  ပါတယ် ။
  3. ပြီးလျင် မြေပဲကို လှာ်ထောင်းပါ ။
  4. ငြုတ်သီး နဲနဲမဲအောင်ကြော်ပြီး ဆီစိမ်းထားပါ ။
  5. ပဲရွက်တို့ မုန့်ညှင်းဖြူတို့ ရှိပါက ပြုတ်ပြီး ထည့်နိုင်ပါတယ် ။
  6. ပွဲပြင်ရန် ရှမ်းဖက်ပြုတ် ၊ ဝက်သားဟင်း ၊ ဆီချက် ၊ မြေပဲထောင်း ၊ ပဲငံပြာရည် ၊  ကြက်သားမှုန့်  ၊ ဗမာနံနံ တို့ ထည့်ပြီး သုးံဆောင်နိုင် ပါသည် ။
  7. အချဉ်တွက် ကတော့ မုန်လာထုပ် ပါးပါးလှီးပြီး ဗင်နီကာ ၊ ဆား ၊အချိုမှုန့် ၊ ငြုတ်သီးစိမ်းတို့နဲ့ စားခါနီးမှ နယ်စား  ပါသည်  ။
Credit: Daw Suu Suu

Review

User Rating

0 (0 Votes)