Recipes | အသုပ် - Salad

ဆလပ်ရွက် မုန်လာဥနီသုပ်

March 7, 2016

ဆလပ်ရွက် မုန်လာဥနီသုပ်

Share this on:

ဒီအသုပ်လေးက ထိုင်းနည်းကို အခြေခံထားပြီး သုပ်ထားတာ ဖြစ်ပါတယ် ။ မြန်မာစတိုင်လ် သုပ်မယ်ဆိုရင်
ဆီကျက်တွေ ပဲမှုန့် လိုပါမယ် ။ အခုကျမ သုပ်ပြမယ့် နည်းလေးက ဆီမပါဘဲ အရသာရှိရှိ စားလို့ ရတဲ့အတွက် ဝိတ်ချခြင်တဲ့ သူတွေ ဆီရှောင် ချင်တဲ့သူတွေ အတွက်လည်း သင့်တော် ပါတယ်။
လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်နော် ။

လိုအပ်သောပစ္စည်းများ

  • မုန်လာဥနီ - ၂ ဥ
  • ဆလပ်ရွက် - ၅ ရွက်
  • ပုစွန်ခြောက် အနည်းငယ် - မြေပဲလှော်ပြီးသား အနည်းငယ်
  • နှမ်းလှော် - အနည်းငယ်
  • မန်ကျည်းမှည့် - အနည်းငယ်
  • ကြက်သွန်ဖြူ - ၂မွှာ
  • ငရုတ်သီးစိမ်း - ၅တောင့်
  • သကြား လက်ဖက်ရည်ဇွန်း - ၁ ဇွန်း
  • ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်နည်း

  1. ဆလပ်ရွက်များကို ရေဆေးပြီး ခပ်ထူထူလေး လှီးထားပါ ။
  2. မုန်လာဥနီများကို ရေဆေးအခွံခြစ်ပြီး အချောင်းရှည်များရအောင် ခြစ်ထားပါ ။
  3. ပုစွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူများကို ညက်အောင်ထောင်းထားပါ ။
  4. မန်ကျည်းမှည့်ကို ရေနွေးဖြင့် တစ်ခါဆေးချပြီး ရေနွေးပူပူဖြင့် ရောကာဖျော်ထားပါ ။
  5. မြေပဲလှော် ပြီးသားကို ကွဲရုံထောင်းထားပါ ။
  6. နှမ်းလှော်ပြီးသာကို ခပ်ကြမ်းကြမ်း ထောင်းထားပါ ။
  7. ပန်းကန်လုံး ၁လုံးထဲကို ရေ မန်းကျည်းရည် ယိုးဒယားငံပြာရည် ၊ သကြား ၊ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ထောင်းများကို မိမိစိတ်ကြိုက် အရသာ ရသည်အထိ ပြင်ဆင်ပြီး sauce လုပ်ထားပါ ။
  8. sauce အရသာ အဆင်ပြေပြီဆိုတာနဲ့ ဇလုံခပ်ကြီးကြီး တစ်ခုထဲကို အပေါမှာပါတဲ့ အဆာပလာများ မုန်လာဥနီ ဆလပ်ရွက်များကို ထည့်ပြီး နှံ့အောင်နယ်ကာ စားသုံးလို့ ရပါပြီ ။
  9. ခရမ်းချဉ်သီး ခပ်မာမာလေးကို လေးစိတ်ခွဲထည့် ၊ စားရင်လည်း အရသာ ရှိပါတယ် ။ ပဲသီးစိမ်း အရှည်တောင့်ကို ရေဆေးပြီး လက်၂ဆစ်ခန့် ပိုင်းဖြတ်ကာ ခပ်ကြမ်းကြမ်းထောင်း ထည့်ပြီး စားရင်လည်း စားလို့ကောင်းပါတယ် ။
Credit: Warr Tee

Review

User Rating

3.3 (3 Votes)