ဒန့်ဒလွန်ပင်ဟာ အရွက်နဲ့ အသီးပါ အသုံးဝင်တဲ့ အပင်ပါ။ အရွက်ကို ပြုတ်စား၊ ကြော်စား၊ ဟင်းချိုချက်စားလို့ရသလို အသီးကိုလည်း ဟင်းအဖြစ် ချက်စားကြပါတယ်။ အပွင့်နဲ့ အမြစ်မှာပါ မြန်မာဆေးတွေ အနေနဲ့ အသုံးပြုကြပါသေးတယ်။ ဒန့်ဒလွန်သီးကတော့ လူကြိုက်များပြီး ဗီတာမင်စီနဲ့ ပရိုတင်းဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒန့်ဒလွန်သီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်နဲ့ ဆေးဖက်ဝင်တဲ့ ဓာတ်ပေါင်းတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: food52.com

ဒန့်ဒလွန်သီးရဲ့ လူသိနည်းတဲ့ အချက် ၇ချက် ရှိပါတယ်။

၁။ ဒန့်ဒလွန်သီးဟာ ကိုယ်ခန္ဓာထဲက အဆိပ်တွေကို ထုတ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များပြားတာကလည်း သဘာဝကို ကျေးဇူးတင်စရာပါ။

၂။ ဒန့်ဒလွန်သီးဟာ ကိုယ်ထဲက မကောင်းတဲ့ ပိုးတွေကို ဖယ်ရှားပေးနိုင်ပြီး ကင်ဆာဆဲလ်တွေကို တားဆီးပေးပါတယ်။

၃။ လေ့လာချက်တစ်ခုရဲ့ အဆိုအရ ဒန့်ဒလွန်သီးရဲ့ အစေ့ဟာ သန့်စင်တဲ့ ရေရဖို့ အတွက် အကူအညီပေးတယ်လို့ ဆိုထားပါတယ်။

Source: Veg Recipes of India

၄။ ဒန့်ဒလွန်ရွက်မှာ ကြွယ်ဝတဲ့သတ္တုဓာတ်ပါဝင်ပြီး အမိုင်နိုအက်ဆစ်၊ ဗီတာမင်နဲ့အခြား ဆေးဖက်ဝင်ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒန့်ဒလွန်ရွက်အခြောက် ၁၀၀ ဂရမ်မှာ

  • မုန်လာဥနီထက် ၁၀ ဆ များတဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။
  • နွားနို့ထက် ၁၇ဆ များတဲ့ ကယ်လ်ဆီယမ် ပါဝင်ပါတယ်။
  • ငှက်ပျောသီးထက် ၁၅ဆ များတဲ့ ပိုတက်ဆီယမ် ပါဝင်ပါတယ်။

Source: en.malayalamemagazine.com

  • ဒိန်ချဉ်ထက် ၉ဆ များတဲ့ ပရိုတင်းဓာတ် ပါဝင်ပါတယ်။
  • ဟင်းနုနွယ်ထက် ၂၅ဆ များတဲ့ သံဓာတ် ပါဝင်ပါတယ်။
  • လိမ္မော်သီးထက် ၁၂ဆ များတဲ့ ဗီတာမင်စီ ပါဝင်ပါတယ်။

၅။ ဒန့်ဒလွန်ရွက်နဲ့ အသီးဟာ သွေးထဲက အချိုဓာတ်ကို လျှော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။၆။ ဒန့်ဒလွန်သီးမှာ ပါတဲ့ Nizaminin ဆိုတဲ့ ဓာတ်ပေါင်းစုဟာ ကင်ဆာကျိတ်တွေကို မဖြစ်ပွားပေးနိုင်ပါဘူး။၇။ ဒန့်ဒလွန်ရွက်နဲ့ အသီးဟာ သွေးဖိအားကို ပုံမှန်ဖြစ်စေတာကြောင့် သွေးတက်၊ သွေးတိုး ဖြစ်ခဲ့ရင် စားပေးနိုင်ပါတယ်။