Recipes | မြန်မာမုန့်များ - Myanmar Desserts

ဆွမ်းမွှေးရွက် အုန်းနို့ကျောက်ကျော

June 28, 2016

ဆွမ်းမွှေးရွက် အုန်းနို့ကျောက်ကျော

Share this on:

ပါဝင်ပစ္စည်းများ

  • ရေ - ၁ လီတာ (သို့) ၄ ခွက် လက်ဖက်ရည်ပန်းကန်လုံး
  • ကျောက်ကျောမှုန့် - ၆ ဇွန်း (ထမင်းစားဇွန်း)
  • သကြား - ၃၀၀ ဂရမ်
  • အုန်းနို.စစ်စစ် - ၂၅၀ မီလီမီတာ
  • ဆွမ်းမွှေးရွက်အရည် - ၂၀၀ မီလီလီတာ
  • ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဆွမ်းမွှေးရွက် ၂၀၀ မီလီလီတာ ရဖို့ ဆွမ်းမွှေးရွက် ၂၀ ရွက်လောက်ကို ပါးပါးလှီးပြီး ရေနှင့် အတူရောပြီး ဖျော်ရည်ကြိတ်စက်မှာ ကြိတ်ပြီး ဇကာနဲ့ စစ်ယူ ထားပါ။
  2. ဆွမ်းမွှေးရွက်အရည်နဲ့ အုန်းနို့ကို သီးသန့်စီ ထားပြီး ကျန်အရာတွေကို ထက်ဝက်စီ ခွဲလိုက်ပါ ။
  3. ပထမ တစ်လွှာ အုန်းနို့ ကျောက်ကျောရည် အတွက် ကျောက်ကျောမှုန့်ကို ချန်ပြီး သကြား ၊ ဆား ၊ ရေ ၊ အုန်းနို့တို့ကို ရောကျိုပါ ။
  4. ဆူလာလျှင် မီးလျှော့ချပြီး ကျောက်ကျောမှုန့်ကို ရေဖျော်ပြီးထည့်ပါ ။ (၅) မိနစ်လောက် ကျိုပြီး အအေးခံမည့် ဗန်းထဲသို့ လောင်းချပါ ။
  5. အုန်းနို့ကျောက်ကျောရည် အတော်လေး အေးခဲသွားပြီဆိုမှ ဆွမ်းမွှေးကျောက်ကျောရည်ကိုလည်း ပထမနည်းအတိုင်း ပြုလုပ်ပြီး အုန်းနို့ကျောက်ကျောပေါ်သို့ လောင်းချအေးခံပါ။
Credit: Thaw Maw, Chawchaw Ei, Htet Htet and Thin Mar S

Review

User Rating

5 (2 Votes)