မင်္ဂလာပါ။ MyFood Myanmar ပရိတ်သတ်ကြီးရေ။ နေ့ခင်းနေ့လည်ပူအိုက်တဲ့ရာသီဥတုမှာ အပြင်ထွက်ရမှာကို လူတိုင်းကြောက်ကြပါတယ်နော်။ ဒါပေမယ့်လည်း နေ့ခင်းအချိန် သရေစာတစ်ခုခုစားချင်တော့ အပြင်ကမထွက်မဖြစ်ထွက်ရပြန်အုံးမှာမို့ စိတ်ညစ်စရာပါ။

ဒါကြောင့် ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခုတစ်ခါမှာ ဖော်ပြပေးချင်တာကတော့ ဆွမ်းမွှေး အုန်းနို့ မုန့်ကြာစေ့လုပ်နည်းလေးပါပဲ။

ချိုစိမ့်တဲ့အရသာလေးနဲ့ အိမ်မှာပဲကိုယ်တိုင်လုပ်ဆိုတော့ ဆိုးဆေးတွေ ပါမပါကို ကြောက်စရာမလိုတော့ဘူးပေါ့။ ကဲ ဒါဆိုရင်အခုပဲ လုပ်နည်းလေးကို ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ယိုးဒယား ကောက်ညှင်မှူန့် အထုပ်သေး တစ်ထုပ် – 1/2 ကီလိုခန့်

ဆွမ်းမွှေးရွက် – ၇ ရွက်ခန့်

ရေ – 700ml ခန့်

ဆား – တစ် ဇွန်း လက်ဖက်ဇွန်း ခန့်

ထန်းလျှက် – ၂၅ ကျပ်သားခန့်

အုန်းနို့ ဗူးကြီး – ၁ ဗူး

ပြုလုပ်နည်း

ဆွမ်းမွှေးရွက် ၇ရွက်ခန့် ဆေးကြောပိုင်းဖြတ်ပြီး ရေ 300 ml ခန့် ထည့်ကြိတ်ပြီး အဝတ်ပါးစဖြင့် စစ်ယူပြီး ရရှိလာတဲ့ အစိမ်းရောင် ဆွမ်းမွှေးရည်ကို ကောက်ညှင်းမှူန့်နဲ့ ရောနယ်ပါ။

ဆား လက်ဖက်ဇွန်း တစ်ဇွန်းခန့် ထည့်ပါ။ သမအောင် ရောနယ်ပြီး ပုံထဲက အတိုင်း အလုံးသေးလေးတွေ လုံးပါ။

ထန်းလျှက်၂၅ ကျပ်သားခန့်ကို ရေ 400 ml ခန့်နဲ့ ကျိုပြီး ထန်းလျှက်ရည် ဆူလာရင် မုန့်လုံးလေးများ ထည့်ပါ။

မုန့်များ ထန်းလျှက်ရည် ပေါ်ကို ပေါ်လာလျျင် ကျက်ပါပြီ။ ရယ်ဒီမိတ် အုန်းနို့ ဗူးကြီး တစ်ဗူး ဖောက် ထည့်ပြီး ၅မီနစ်ခန့် ဆက်တည် ထားပြီး မီးပိတ် စားသုံးနိုင်ပါပြီ။

Credit: Thida Lay Lay