အိမ်မှာ နေ့တိုင်းသုံးတဲ့ ဇွန်းတွေမှာ အမျိုးအစားတွေ အများကြီး ရှိတယ်ဆိ်ုတာ သတိ ထားမိပါရဲ့လား။ စားသုံးတဲ့ အစားအစာတွေပေါ် မူတည်ပြီး ကွဲပြားတဲ့ ဇွန်းပုံစံတွေ ရှိပါသေးတယ်။ သူ့အမျိုးအစား အလိုက် ဇွန်းတွေကို သုံးရင် ပိုပြီး smart ဖြစ်ဖို့ လေ့လာကြည့်ရအောင်ပါ။

tablespoon

၁။ စားပွဲတင်ဇွန်း
စားပွဲတင်ဇွန်းဆိုတဲ့ ဇွန်းဟာ နေ့တိုင်းသုံးတဲ့ ဟင်းလျာတွေအတွက်ပါ။ စွပ်ပြုတ်တွေ ထမင်းတွေ စားတဲ့အခါမှာလည်း သုံးလို့ ရပါသေးတယ်။ ဇွန်းခွက်ပုံစံကို အစားအစာကို မှန်ကန်တဲ့ ပမာဏ ထည့်စားဖို့ အနေတော် ပုံစံ ထွင်ထားတာပါ။ စားပွဲတင်ဇွန်းမှာပဲ ပုံစံတွေ အမျိုးမျိုး ရှိပါသေးတယ်။ ဇွန်းတို ဇွန်ရှည်ပုံစံတွေပါ။

fruitspoon

၂။ သစ်သီးဇွန်း
သစ်သီးဇွန်းဟာ စားပွဲတင်ဇွန်းထက် သေးငယ်ပြီး သစ်သီးတွေ ယူစားဖို့ အရွယ် ဒီဇိုင်းဖော်ထားတာပါ။ သစ်သီးဇွန်းကို သစ်သီးထိုးတဲ့ ခရင်းနဲ့ ဓါးတွေ အတူတကွ စားလို့ရအောင် ဒီဖိုင်း လုပ်ထားပါတယ်။

 

mokaspoon

၃။ Moka ဇွန်း’
Moka ဇွန်းဆိုတာဟာ ကော်ဖီနာမည်တစ်ခုကို ကိုယ်စားပြု ခေါ်ဆိုတဲ့ ဇွန်းပါ။ အီတလီစတိုင် ကော်ဖီ Moka သောက်တဲ့ အခါ သုံးတဲ့ ဇွန်းပါ။ Moka ကော်ဖီစက်၊ ကော်ဖီဆိုင်တွေမှာ
အများဆုံး သုံးကြပါတယ်။ ကော်ဖီခွက်နဲ့ ကော်ဖီဖန်ခွက်တွေနဲ့ သင့်တော်တဲ့ အရွယ်အစား ဒီဇိုင်းဖော်ထားပြီး လက်ဖက်ဇွန်းထဲမှာ အနည်းငယ် သေးတဲ့ အရွယ်လို့ ပြောလို့ရပါတယ်။

 

teaspoon

၄။ လက်ဖက်ရည်ဇွန်း(သို့) ကော်ဖီဇွန်း
ဒီဇွန်းကတော့ မြန်မာတွေနဲ့ သိပ်မစိမ်းလှပါဘူး။ ကော်ဖီနဲ့ လက်ဖက်ရည်တွေ အတွက် သုံးတဲ့ ဇွန်းပါ။ အနည်းငယ်သေးတဲ့ ပုံစံရှိပြီး Moka ဇွန်းထက် ပိုသေးတဲ့ ဒီဇိုင်း ဖော်ထားပါတယ်။
American စတိုင်၊  Europeanစတိုင် Coffee, Cappuccinos, Herb Tea, Ginseng Coffee နဲ့ ပိုကြီးတဲ့ ကော်ဖီခွက်တွေ အတွက် သုံးဖို့ပါ။

 

cappuccinospoon

၅။ Cappuccino ဇွန်း
Baby ဇွန်း (သို့) လက်ဖက်ရည်ဇွန်း အသေးလို့ ခေါ်လို့ရပါတယ်။ အရွယ်အစားကတော့ အသေးပါပဲ။ Moka ဇွန်နဲ့ လက်ဖက်ရည်ဇွန်းတို့ထက် ဇွန်းခွက်က ပိုကြီးပြီး မနက်စာ

အတွက် ပြင်ဆင်တဲ့ အခါ သုံးပြီး ဒိန်ချဉ်နဲ့ တခြား အသီးဖျော်ရည်တွေ မွှေဖို့ လိုအပ်တဲ့ အခါ သုံးလေ့ရှိပါတယ်။ ခွက်အကြီးတွေနဲ့ သင့်တော်ပါတယ်။

 

icespoon

၆။ ရေခဲမုန့်ဇွန်း
ဇွန်းခွက် ပုံစံက ပိုပြီး ကျယ်ပါတယ်။ ပုံသဏ္ဍာန်က လေးထောင့်ဆန်ဆန် ရှိပြီး ရေခဲမုန့်ခွက်အရွယ်နဲ့ အနေတော်ဖြစ်အောင် ဒီဇိုင်းဖော်ထားပါတယ်။ ရေခဲမုန့်ဇွန်းတွေမှာလည်း ခလွက်ပုံစံပေါ်
မူတည်ကြီး ကွဲပြားသွားပါသေးတယ်။

 

longspoon

၇။ ခွက်အရှည်တွေမှာ သုံးတဲ့ ဇွန်း
အအေးနဲ့ အသီးဖျော်ရည်တွေ သောက်တဲ့ ခွက်အရှည်တွေနဲ့ဆိုရင် ဒီပုံစံကို သုံးပါတယ်။ လက်ကိုင်အရှည်နဲ့ ဒီဇိုင်း ဖော်ထားပြီး ဇွန်းခွက်ကတော့ အနည်းငယ် သေးပါတယ်။ ခွက်အရှည်ေ
တွေနဲ့ဆိုရင် လှပတဲ့ ဇွန်းပုံစံပါ။ ခွက်အောက်ခြေထိ မွှေလို့ ရပြီး အသီးတွေ ခပ်စားလို့ ရပါတယ်။

 

yoghurtspoon

၈။ ဒိန်ချဉ်ဇွန်း
ဒိန်ချဉ်တွေ စားတဲ့အခါ သုံးဖို့ ဇွန်းကတော့ ဇွန်းခွက်ကျယ်ပြီး လက်ကိုင်က နည်းနည်း ထူထူနဲ့ ကြီးပါတယ်။ လက်ဖက်ရည်တွေနဲ့ ပုံစံ မတူတဲ့ ဒီဇိုင်းဖော်ထားပြီး ခပ်လို့ တင့်တော်မယ့်
ဒီဇိုင်းပါ။

 

cheesespoon

၉။ Cheese ဇွန်း
ချိစ်တွေကို ကော်တဲ့ အခါ သုံးတဲ့ ဇွန်းပုံစံပါ။ ထောပတ်တွေနဲ့ ဒိန်ခဲတွေဆိုရင်လည်း ဒီပုံစံ သုံးပါတယ်။ အချိုပွဲတွေ အလှပုံဖော်တဲ့ အခါ သုံးပါတယ်။

 

 

sugarspoon

၁၀။ သကြားဇွန်း
သကြားခပ်တဲ့ ဇွန်းပါ။ အနည်းငယ် ရှည်ပြီး သေးသွယ်တဲ့ ဇွန်းခွက် ရှိပါတယ်။ အစွန်းတွေက တိတိလေး ဖြတ်ထားပြီး ခွက်ထဲကို လောင်းထည့်တဲ့ အခါ မဖိတ်စင်ဖို့ ဒီဇိုင်းဖော်ထားပါတယ်။

 

saladspoon

၁၁။ Salad ဇွန်း
Salad တွေ စားတဲ့ အခါ သုံးတဲ့ ဇွန်းပုံစံပါ။ ခက်ရင်းပါ တွဲပါပြီး အရွက်တွေကို စားဖို့ အဆင်ပြေစေမယ့် ပုံစံဖော်ထားပါတယ်။

 

 

creamspoon

၁၂။ ခရင်မ် ဇွန်း
အချိုပွဲတွေမှာ ခရင်မ်တွေကို ထိုးကော်ဖို့ ပုံစံပါ။ ဇွန်းခွက်က ဝိုင်းသယောင် ပုံစံရှိပြီး လက်ကိုင် အနည်းငယ် ရှည်ပါတယ်။ ခရင်မ်တွေ ခပ်ယူပြီး တခြား အစားအစာတွေပေါ် ထည့်တဲ့အခါ
အဆင်ပြေအောင် ဒီဇိုင်းဖော်ထားတာပါ။

 

olivespoon

၁၃။ သံလွင်ဆီဇွန်း
သံလွင်ဆီဇွန်းလို့ ခေါ်တဲ့ ဇွန်းဟာ သံလွင်ဆီ ခပ်ဖို့ အတွက်နဲ့ အခြား အရည်တွေကို ခပ်ပြီး ထည့်တဲ့ အခါ သုံးဖို့ပါ။ ဇွန်းခွက်မှာ အပေါက်တွေပါပြီး အရည်တွေကို ဆမ်းဖို့ အဆင်ပြေအောင်
လုပ်ထားတာပါ။

 

servingspoon

၁၄။ ဇွန်းခရင်း
ထမင်းစားတဲ့ အခါမှာ ဟင်းလျာတွေနဲ့ ထမင်းကို အတူတကွ စားလို့ရအောင် သုံးတဲ့ ဇွန်းပါ။ စားပွဲတင်ဇွန်းထက် ပိုကြီးပြီး ဟင်းလျာတွေမှာပါ အသုံးပြုလို့ရပါတယ်။ ဇွန်းခွက်က
ပိုကြီးတဲ့ အတွက် ပိုများတဲ့ ပမာဏ ယူဖို့ အဆင်ပြေစေပါတယ်။

 

ဟင်းချက်တဲ့အခါ သုံးတဲ့ ဇွန်းအမျိုးအစားတွေ ကျန်ပါသေးတယ်။ သိပ်မကြာခင် ထပ်ပြီး မျှဝေပေးပါမယ်။

Credit: forksandspoons