အိပ်ခါနီး မစားသင့်တဲ့ အစားအစာများဆိုပြီး ရေးထားဖူးပါတယ်။ အခုတခါမှာတော့ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဘာတွေ စားသင့်လဲဆိုတာ ထပ် လေ့လာကြည့်ရအောင်ပါ။ ပထမဆုံး ညဘက်တွေ ကောင်းကောင်း အိပ်ပျော်ပါရဲ့လားလို့ မေးချင်ပါတယ်။ မအိပ်ပျော်ဘူးဆိုတဲ့ အဖြေရရင်တော့ နောက်တစ်နေ့တာဟာ သင့်အတွက် ပင်ပန်းနွမ်းနယ်တဲ့ နေ့ ဖြစ်နေပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းဟာ စိတ်ရော ကိုယ်ပါ အနားရစေဖို့ သဘာဝက ပေးတဲ့ လက်ဆောင် တစ်ခုပါ။ အိပ်ခြင်းနဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်။ အိပ်တာနည်းပြီဆိုတာနဲ့ ကိုယ်ထဲက စနစ်တွေဟာ ကမောက်ကမ ဖြစ်သွားစေပါတယ်။ သာမာန်လူတွေ အတွက်တော့ တစ်နေ့ ၇နာရီလောက် အိပ်ခဲ့မယ်ဆိုရင် လုံလောက်တဲ့ ပမာဏကို ရပါတယ်။ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အိပ်ခါနီး အစားအစာတွေဟာလည်း ပါဝင်ပတ်သက်နေပါတယ်။
နွားနို့ နွေးနွေးလေး သောက်ပေးပါ
မအိပ်ခင် နွားနို့တစ်ခွက် သောက်ပေးခြင်းဟာ တခြား အစားအစာတွေထက် ပိုကောင်းတဲ့ နည်းလမ်းပါ။ ဒါဟာ လူကြီးသူမတွေ ပြောနေတဲ့ ပုံပြင်တွေမဟုတ်ပါဘူး တကယ်ကို အကျိုးရှိစေတာပါ။

 

ကာဗွန်ဟိုက်ဒရိတ် ပြည့်ဝတဲ့ မုန့်တွေ စားပေးပါ
ဂျုံနဲ့လုပ်ထားတဲ့ ကိတ်မုန့်တွေ ဒါမှမဟုတ် Cereal (ကလေးတွေ မနက်စာအဖြစ် စားတတ်တဲ့ မုန့် နှံစားပင်ကနေ လုပ်ထားတဲ့ မုန့်) တစ်ပန်းကန်ကို အိပ်ရာမဝင်ခင် ၁နာရီ အလို စားပေးရင် ကောင်းကောင်း အိပ်ပျော်စေပါတယ်။

 

ဆေးဖက်ဝင် လက်ဖက်ရည်
ဆေးဖက် လက်ဖက်ခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်တွေကို သောက်သုံးလို့ ရပါတယ်။ သူတို့တွေမှာ အိပ်စက်ခြင်းကို နှောင့်ယှက်မယ့် ဓာတ်တွေ မပါဝင်ပါဘူး။

 

တခြား အစားအစာများ
ဒိန်ချဉ်၊ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်များ၊ ငှက်ပျောသီး၊ ကြက်ဥ၊ တူနာငါး၊ မြေပဲ၊

 

ဒါ့တွေအပြင် ရေနွေးနွေးနဲ့ ရေချိုးတာ၊ စာအုပ်ဖတ်တာ၊ ယောဂကျင့်တာတွေဟာ TV ကြည့်ခြင်းထက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ ညတိုင်း ပုံမှန် အိပ်ရာဝင်မယ်ဆိုရင် ခန္ဓာကိုယ် အတွက် ပိုပြီး ကောင်းမွန်စေပါတယ်။ သန့်ရှင်းတဲ့ လေ ရနေမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အရေးအကြီးဆုံးကတော့ အိပ်ခါနီး ဖုန်းမသုံးမိစေဖို့ သတိပြုပါ။

 

Credit: www.bbcgoodfood.com