ဌက်ပျော ဆနွင်းမကင်း

Share this on:

ဌက်ပျောဆနွင်းမကင်း

ပါဝင်ပစ္စည်း‬များ

  • ဘန်းဆိုဒ် - ၉+ ၁၁ လက်မ
  • ဌက်ပျောသီး - ၁၇ လုံး (အရွယ်တော်)
  • ဂျုံမှုန့် - ၁၀ ကျပ်သား (160g)
  • အုန်းသီး - ၁လုံး (အမှုန့်ခြစ်ထားပါ)
  • သကြား - ၂၀ ကျပ်သား( အချိုမကြိုက်ရင်လျှော့ပါ) (320 g)
  • ထောပတ် - ၁၀ ကျပ်သား (160g)
  • နို့မှုန့် (pep) - ၂ထုပ် (30 g)
  • ဆား - ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဘိန်းစေ့ - အနည်းငယ်
  • Food Colour(နီ) - အနည်းငယ်
  • ရွှေကြည်မှုန့် - ၅ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ငှက်ပျောသီး ကိုကြေအောင်ချေထားပါ။
  2. ဂျုံ ၊ ထောပတ်၊ သကြား၊ အုန်းသီးမှုန့်၊ နို့မှုန့် ၊ ဆား ၊ ရွှေကြည် ထည့်ပြီး အားလုံး သမသွားအောင် ရောနယ်ပါ။
  3. အရောင် လိုသလောက်ထည့်ပြီး နှံ့အောင်နယ်ပါ။ (Food Colour မထည့်လဲရပါတယ်)
  4. ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင် ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး ညှိပေးပါ။
  5. ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်၂၀၀ံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ။ (အောက်မီး ကို ၁၀မိနစ်လောက်ပဲ ပေးပါတယ်)
  6. မိနစ် ၃၀ လောက်နေရင် ဓားချွန်လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာတော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင် ၁၀ မိနစ်လောက် ထပ်ထားပြီးရင် ရပါပြီ။
  7. အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ။
Credit: Lin Thawdar

Review

User Rating

4.1 (8 Votes)