ရွာအနောက်ဖက် လယ်တောနဘေးတွင် စိမ်းစိုစွာဖြင့် ဖြစ်ထွန်းနေသော ငှက်ပျောပင်တွေများလွန်လို့ အသီးတွေကလည်ပေါ အဖူးတွေကလည် ပေါများနေလို့ ဖေကြီးက ရခိုင်ငှက်ပျောဖူးတွေ ခုတ်လာတာနဲ့ အိမ်က မေကြီးက သုပ်ကျွေးပါတယ် ။ တခါကဆို ဒီငှက်ပျောဖူးလေးကို မကျည်းရွက်နုနုလေးတွေနဲ့ ကြော်ချက်လေးတွေ ချက်ထားတာ စားလို့အလွန်ပင် ကောင်းပါသည် ။

ပါဝင်ပစ္စည်းများ

  • ရခိုင်ဌက်ပျောဖူး
  • ကန်ဇွန်းရွက်
  • ပဲပင်ပေါက်
  • နှမ်းနက်
  • ငရုပ်သီးခြောက်
  • မျှင်ငပိ
  • ကြက်သွန်နီ
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  1. ရခိုင်ဌက်ပျောဖူးကို ကြီးကြီးပိုင်းပြီး ဆန်ဆေးရေဖြင့် ပြုတ်ပါ ။
  2. ကန်ဇွန်းရွက်ပြုတ်ပြီး ရေအေးဖြင့် စိမ်ထားပါ ။  ပဲပင်ပေါက်ကို ပြုတ်ထားပါ ။
  3. နှမ်းနက်ကို လှော်ပါ ။  ငရုပ်သီးခြောက်ကို ကြော်ပါ ။  မျှင်ငပိကို ကြော်ပါ ။  ကြက်သွန်နီကို ကြော်ထားပါ ။
  4. ဌက်ပျောဖူး ၊ ကန်ဇွန်းရွက် ၊ ပဲပင်ပေါက် ၊ နှမ်းနက်လှော် ၊ ငရုပ်သီးကြော် ၊ ငပိကြော်တို့ကို သံပုရာရည်ညှစ်ပြီး ရောနယ်ပါ ။ အငန်လိုရင် ဆား ထည့်ပါ ။ ကြက်သွန်ကြော်ဖြူးပြီးရင် သုံးဆောင်လို့ ရပါပြီ ။  ထမင်းနဲ့ပဲစားစား ဒီတိုင်းပဲစားစား စားလို့ကောင်းတဲ့ အသုပ်လေးပါ ။

Credit: Naing Naing