တမာရွက် ချဉ်စပ်သုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • တမာရွက် - ၂ စီး (ခြွေထားပါ)
  • ခရမ်းချဉ်သီး - ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ - ၂ မွှာ (ပါးပါးလှီးထားပါ)
  • ပုစွန်ခြောက်မှုန့် - အနည်းငယ်
  • မြေပဲ - အနည်းငယ် (လှော်ထောင်း)
  • နှမ်းလှော်
  • ငရုတ်သီးစိမ်း - ၅ တောင့် (ပါးပါးလှီးထားပါ)
  • ဆား - အနည်းငယ်
  • ဟင်းခတ်မှုန့် - အနည်းငယ်
  • သံပုရာသီး - တခြမ်း
  • နံနံပင် - အနည်းငယ်

ပြုလုပ်နည်း

  1. တမာချဉ်ကို ရေနဲ့ အထပ်ထပ် ဆေးပါ ။ ကျမကတော့ ဗိုက်နာမှာ စိုးရ်ျ နောက်ဆုံးတကြိမ်တွင် ရေနွေးနှင့် ဆေးပါတယ် ။
  2. ဆေးပြီး တမာချဉ်၏ အရွက်ညွှန့်၊ အဖူးတို့ကို ခြွေပြီး သေးသေး လှီးထားပါ ။
  3. ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း နှင့် ပုစွန်ခြောက်မှုန့် ၊ နှမ်းလှော် ၊ မြေပဲ ၊ ဆား ၊ နံနံပင်တို့ကို ဇလုံ တစ်ခုအတွင်း ရောထည့်ရ်ျ နှံစပ်အောင်နယ်ရ်ျ သုတ်ပါ ။
  4. အပေါ့အငံမြည်းရ်ျ ဟင်းခတ်မှုန့် ၊ သံပုရာရည် ညှစ်ပြီး အရသာ ချိုချဉ်ဆိမ့်စပ်ရှိတဲ့ တမာရွက်သုပ်ကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.3 (6 Votes)