ပါဝင်ပစ္စည်းများ

  • ဆန် – နှစ်ဘူး
  • မတ်ပဲ – တစ်ဘူး
  • စားဆော်ဒါ – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆန်ကိုလှော်ပြီး ထန်းညက်နဲ့ ရောကြိတ်ထားတဲ့ အမှုန့်
  • ဆီ ၊ ဆား၊ သကြား၊ ငြုပ်သီး၊ ပဲနံသာ၊ ကြက်သွန်ဖြူ

  • ပျဉ်းတော်သိမ်၊ နံနံပင်၊
  • ကုလားပဲ၊ ပဲပြုတ်၊
  • ကြက်သွန်မြိတ်

ပြုလုပ်နည်း

၁။ မနက်ဖြန် မနက်ခင်း လုပ်စားဘို့အတွက် ဒီနေ့လို ညနေခင်းမှာ ဆန် နှင့် မတ်ပဲ တို့ကို နှစ်နာရီခန့် သီးသန့်စီ ရေစိမ်ပါ။

၂။ ပြီးရင် မတ်ပဲကို အခွံကုန်အောင် ရေဆေးပြီး ရေစိမ်ထားတဲ့ ဆန်နဲ့အတူ ထမင်းလေး လက်တစ်ဆုပ်ထည့်ပြီး ဘလန်ဒါ နဲ့ ညက်သွားအောင် စိတ်ရှည်လက်ရှည် ကြိတ်ပြီး တစ်ည ထားလိုက်ပါ။

၃။ မနက်ကျရင် မုန့်နှစ်ရည်ထဲ စားဆော်ဒါ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ၊ ဆား သင့်တော်သလောက် ထည့်ပြီး နာရီဝက်လောက်နေရင် မုန့်ဖုတ်လို့ ရပါပြီ။

၄။ မုန့်လုပ်တဲ့အခါ ဖြူးဘို့ – ဆီ၊ သကြား၊ ဆန်ကိုလှော်ပြီး ထန်းညက်နဲ့ ရောကြိတ်ထားတဲ့ အမှုန့်၊ ငြုပ်သီးကို လှော် ခဏ ဖယ်ထား၊ ပဲနံသာလေးနဲနဲ ရေဆေးပြီးလှော်၊ ကြက်သွန်ဖြူလေး နဲနဲနဲ့ အတူတူ ရောထောင်းထားတဲ့ ငြုပ်သီးမှုန့်။

၅။ မုန့်လုပ်ပြီး – တို့စားဘို့ ပဲဟင်းလေးက ပျဉ်းတော်သိမ်လေး နဲ့ ဆီသတ်ပြီး နံနံပင်လေး အုပ်ချက်ထားတဲ့ ကုလားပဲ ဟင်းရည်ကျဲလေးနဲ့ပါ။

၆။ ကိုယ့်အကြိုက် ပဲပြုတ်၊ ကြက်သွန်မိတ်နဲ့ လုပ်လိုက်သေးလေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်ခင်းစာလေးပါ။
Credit: Thi Thin DoneDone