Recipes

တိုဟူးကြိုနည်း

December 30, 2015

တိုဟူးကြိုနည်း

Share this on:

ရှမ်းမလေးတွေ ကျိုတဲ့ တိုဟူး မဟုတ်လို့ကုလားပဲခြမ်းကို ကြိတ်ပီး ကျိုတာ မဟုတ်လို့ ရှမ်းတိုဟူးလို့ နာမည် တပ်ရ ခက်ပါတယ်။
သို့သော်လည်း ကြည်ကြည် တုံတုံလေးမို့ ရှမ်းတိုဟူး အလွမ်းပြေ စားကောင်းပါတယ်။

ပါဝင်ပစ္စည်း

  • ကုလားပဲ အစိမ်းမှုန့် ၂၀၀ ဂရမ်
  • ရေ ၁၅၀၀ မီလီမီတာ
  • နနွင်း
  • ဆား

ပြုလုပ်နည်း

  1. ကုလားပဲ အစိမ်းမှုန့် ၂၀၀ ဂရမ် ကို ရေ ၁၅၀၀ မီလီမီတာဖြင့် ၆ နာရီ စိမ်ပါ။
  2. အပေါ်ရေ ၁၀၀၀ မီလီမီတာကို ဖယ်ပြစ်ပါ။
  3. ရိုးရိုးရေ ၅၀၀ မီလီမီတာကို ဆူလာရုံလေး ကြိုပါ၊ ဆူပွက် မနေရ။
  4. နနွင်း၊ ဆား အနည်းငယ်ထည့်ပါ။
  5. ကျန်နေသော အဖြူရောင် ပဲ အနှစ် နဲ့ ပဲရည်ကို ရေဆူထဲမထည့်ခင် သမအောင်မွှေပေးပါ၊ လောင်းထည့်နေရင်းမှာ ရေပူထဲမှာ တိုဟူး တန်း ခဲမသွားအောင်မွှေပေးနေပါ။
  6. တိုဟူးရည် ပြစ်လာသည့် အထိ အဆက်မပြတ် မွှေပေးနေရပါသည်၊ မီးပြင်းလျှင် အိုးကပ်လွယ်သည်၊ ရေခမ်း သွားအောင်သာ မွှေပေးနေရတာမို့ မီးအသင့်တင့် ဖြင့်သာ ကျိုပါ။
  7. တိုဟူး ခဲမခဲကို တိုဟူးရည် ကို ဇွန်းနဲ့ အနည်းငယ် ခပ်ယူပီး ပန်းကန်ပြားတွင် အအေးခံကြည့်ပါတယ်၊ အေးတဲ့ အချိန်မှာ ခဲနေရပါမယ်.။
  8. အချိန်စေ့ပီး တိုဟူးရည် ပြစ်ခဲလာလျှင် ဗန်းထဲတွင် အအေးခံ ပီး လိုရာပုံလှီးကာ အထက်ဖော်ပြပါ အဆာ များထည့်ပီးတာနဲ့ ချိုချဉ်စပ်မွှေး အရည်ရွှဲရွှဲ ရှမ်းတိုဖူး သုပ်လေး သုံးဆောင်ရန် အသင့် ဖြစ်ပါပီ။ ၇န်ကုန်တရုတ်တန်းက ရှမ်းတိုဟူးသည်နှမ်းဆီမွှေးချက်တာမှာ ဇာဒိတ်ဖိုရ်သီးလေး ထည့်တယ်နော်။
Credit: Mee Mee Tofu