ပါဝင်ပစ္စည်း

  • တို့ဖူး
  • ဂေါ်ဖီ
  • ပဲမှုန့် အကျက်
  • မကျည်းရည်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆီ
  • ဆား
  • သကြားအနည်းငယ်
  • ငရုတ်သီးမှုန့်
  • ရှောက်ရွက်

ပြုလုပ်နည်း

တို့ဖူးက ချစ်သော သူငယ်ချင်း ကြိုပေးတဲ့ တို့ဖူးပါ။ တို့ဖူးကို အတုံးရှည်လေး တုံးထားပါ။ တို့ဖူးသုတ်မှာ မကျည်းရည်က အခရာပါ။ မကျည်းရည်ထဲကိုညက်နေအောင် ထောင်းထား ကြက်သွန်ဖြူ ၁မွှာ၊ ဆား ၊ သကြား အနည်းငယ်ထည့် ဖျော်ပါ။

ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်နီကြော် နှင့် ဆီချက် ချက်ထားပါ။

ကြက်သွန်ဖြူ ဆီချက်လည်း ချက်ထားပါ။ (အချို့ က အသုတ်ကို ကြက်သွန်ဖြူ ဆီချက်သုံးပြီး သုတ်တာ နှစ်သက်ပြီး၊ အချို့ကလည်း အသုတ်ကို ကြက်သွန်နီ ဆီချက် သုံးပြီး သုတ်တာ နှစ်သက်ပါတယ်။ ရှောက်ရွက် နှင့် ဂေါ်ဖီကို ပါးပါးလှီးထားပါ။

စားတော့မည်ဆိုလျင် တို့ဖူး တယောက်စာကို ပဲမှုန့် လဖက်ရည်ဇွန်း ၁ ဇွန်း၊ မကျည်းရည်ဖျော် ထမင်းစားဇွန်း ၂ ဇွန်း ၊ဆီချက် ထမင်းစားဇွန်ူ ၁ ဇွန်း ၊ ငရုတ်သီးမှုန့် အနည်းငယ်၊ ရှောက်ရွက်၊ ဂေါ်ဖီ တို့နှင့် နှံ့အောင် ရောသုတ်ပါ။ အပေါ့ အငံ အစပ်မြည်း၍ လိုသလို ပြင်ဆင်စားနိုင်ပါတယ်။

MyFood Myanmar