ပါဝင်ပစ္စည်းများ

  • တို့ဟူး အနေတော်အတုံး
  • နံနံပင်
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • ပုစွန်ခြောက်မှုန့်၊ ဆား အနည်းငယ်
  • နနွင်းမှုန့်၊ ဆီ

ပြုလုပ်ပုံ

တို့ဟူးကိုလည်း အနေတော် အတုံးလေးများ တုံးထားပါ။ နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးများ ညှပ်ထားပါ။

ပထမ ဦးစွာဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ပူလာလျှင် ဆီထည့်၍ ဆီပူလာပါက နနွင်း အနည်းငယ်ထည့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီသပ်ပါ။

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်ကျက်လျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ အကြော်ဖတ်များကို ဆီအိုးထဲမှ ဆယ်ပြီး ဇကာနှင့် ဆီစင်အောင် စစ်ထားပါ။

ပန်းကန်လုံး တစ်လုံးထဲတွင် အဆင်သင့်ပြင်ထားသော တို့ဟူး၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်၊ ပုစွန်ခြောက်မှုန့်၊ ဆား နှင့် လိုအပ်သည်များကို အနေတော်လေး ထည့်ပြီး ဖွဖွလေး နှင့်နှံ့အောင်နယ်၍ သုံးဆောင်နိုင်ပါသည်။