လွယ်ကူလျှင်မြန်စွာ ကျိုစားကြမယ် တို့ဟူး (တို့ဟူးအမှုန့်ဖြင့် အချိန်တို အတွင်း ကျိုနည်း)  (Making Yellow Tofu) တို့ဟူးကို ကိုယ်စိတ်တိုင်းကျ ကျမ်းမာရေးနဲ့ ညီညွှတ်စွာ အိမ်မှာ အချိန်တို အတွင်း ကျို စားလို့ရပါတယ် ။  တို့ဟူး ကျိုစားမယ် လို့တွေးရင် သိပ် အလုပ်ရှုပ်တာပဲလို့ တွေးဖြစ်ကြပါတယ် ။  အခုဆို ရင် အလွယ်တကူနဲ့ တို့ဟူး လုပ်စားရန် အသင့်ပြုလုပ်ထားတဲ့ ကုလားပဲမှုန့်ထုပ်များ ကိုဝယ်ပြီး ကျို လို့ရနေပါပြီ ။  ပထမ ဦးဆုံး တို့ဟူး ကျို ကြည့်မယ်ဆို ရင်တော့ အဆင်မပြေရင် စိတ်မပျက်ပါနဲ့ ၊ တို့ဟူးအေးအတုံး မရရင်တောင် တို့ဟူးပျော့နွေး စားလို့ရတာပေါ့ ။   စည် ရဲ့အချိန်တိုတို နဲ့လွယ်ကူစွာ ကျိုနည်းလေးနဲ့  ကျိုကြည့်လိုက်နော်..

ပါဝင်ပစ္စည်းများ

  • တို့ဟူးမှုန့် – ၂၅ ကျပ်သား
  • ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • နနွင်းမှုန့် – ၁ ဇွန်း လက်ဖက်ရည်ဇွန်း (ရေဖျော် ပြီး ပိတ်သားနဲ့ စစ်ထားပါ)
  • ရေ – ၃ လီတာ (ရေသန့်ဘူး ၁လီတာဘူး ၃ ဘူးခန့်)

ပြုလုပ်နည်း

တို့ဟူး ကျိုချက်ရန် ရေ ၁ လီတာ (၃) ဘူးခန့်ရှိ ရေကို အိုးထဲသို့ ထည့်ပြီး ဦးစွာ ဆူပွတ်လာတဲ့ အထိ တည်ပါ ။

ရေတည် ထားချိန်မှာ တို့ဟူးမှုန့်များကို ရေအေးဖြင့် ကြေအောင် ပြစ်ပြစ် ဖျော်ထားရပါမည် ။

ရေဆူလာလျှင် ဖျော်ထားသော တို့ဟူးမှုန့်အနှစ်ကို ဆူပွတ်နေသော ရေထဲ သို့ လောင်းထည့်ပါ လျှင်မြန်မှုတော့ ရှိရပါမယ် ။

လောင်းထဲ့ လိုက်တာနဲ့ အဆက်မပြတ် မွှေပေးရပါမည် ။

ပြီးတာနဲ့ စစ်ထားသော နနွင်းရေ ကိုထည့်ကျိုပါ ။  သစ်သား (သို့) ဝါး နဲ့ ပြုလုပ်ထား သော ဇွန်းရှည် အလုံးလေး နဲ့မွှေ ပေးလျှင် ပိုအဆင်ပြေပါတယ် ။

တို့ဟူးအမှုန့်များ ပျစ်လာပြီး ပဲစိမ်းနံ့ ပျောက်သွားလျှင် ဆားထည့်ပြီး မွှေပါ ။  အဆက်မပြတ်တော့မွှေ ပေးရပါမယ် ဒါမှ အိုးမကပ်မှာပါ ။

မီးလျှော့ပါ တို့ဟူး မွှေနေသော ဇွန်း ကို မြှောက်ကြည့်လိုက်ပါ ၊  ဇွန်းမှာ အမှီးတန်း ပါလာလျှင် ကိုယ်လိုရာ လင်ဗန်းအပြန့် (သို့) ပုံစံခွက်ထဲ ညီညာစွာ ဖြန့်လောင်းချထားပြီး အအေးခံပါ ။   အမြန်လို လျှင်တော့ ရေခဲသတ္တာထဲမှာထည့် အအေးခံလို့ရပါတယ် (ကျမ်းမာရေးနှင့်တော့ သိပ်တော့မညီညွတ်ပါဘူး) ။

အအေးခံ ပြီး ရလာသော တို့ဟူးအေး အတုံးလေးများ ကို သုတ်စား ၊ ကြော်စား ၊ ချက်စား မိမိစိတ်တိုင်းကြ တီထွင် စားသုံးလို့ ရပါသည် ။

*တို့ဟူးအမှုန့်သည် ကုလားပဲ ဖြင့်ပြုလုပ်ထားသောကြောင့် တို့ဟူးကိုစားသုံးခြင်းဖြင့် ဗီတာမင်များ နှင့် အသားဓါတ်အဟာရများ ကိုရရှိ စေနိူင်ပြီး သက်သက်လွတ် စားသုံးသူများ အတွက်လည်း အဆင်ပြေပါတယ် ။

Credit: Syi Foodsgarden