ထန်းသီးမုန့်

Share this on:

ထန်းသီးမုန့်၂

ထန်းသီးမုန့်၃

ထန်းသီးမုန့်၎

ထန်းသီးမုန့်၅

ထန်းသီးမုန့်၁

ပါဝင်ပစ္စည်းများ

  • ထန်းသီးအမှည့်သီး အနှစ် ၆၀ ဂရမ် (သို့) ထန်းသီးမှည့်အနှစ် ရယ်ဒီမိတ်ဘူး
  • ဆန်မှုန့် ၁၅၀ ဂရမ်
  • သကြား ၁၅၀ ဂရမ်
  • အုန်းနို့ ၂၇၀ ဂရမ်
  • ဆား အနည်းငယ်
  • Baking Powder 1.5 Teaspoons

ပြုလုပ်နည်း

  1. အုန်းနို့ ၊ သကြား နဲ့ ဆား ကို သကြားပျော်ရုံ မီးဖိုပေါ် မှာ တင်ပြီး တည်ပါ ။ သကြားပျော်ရင် မီးဖိုပေါ်မှ ချထားပါ ။
  2. ဆန်မှုန့် နဲ့ ထန်းသီးနှစ်ကို ယောင်းမ ဖြင့် သမ အောင်မွှေပါ ။
  3. မီးဖိုမှ ချထားသော အုန်းနို့ ကို တဇွန်းချင်း ထည့် မွှေပါ ။ စေးလာသည်အထိ နယ်ပါ ။
  4. အုန်းနို့ရည် ကုန်သည် အထိ တဇွန်းချင်း ထည့်မွှေပါ ။
  5. မှုန့်နှစ်ရည် အနေအထား ရောက်ပြီ ဆိုရင် ခွက်ကြီးကြီး (သို့) ဖန်ဇလုံ တလုံးအတွင်းသို့ ဇကာ စစ်ချပါ ။
  6. လေလုံအောင် ဖုံးပြီး ၆ နာရီ (သို့) ၈ နာရီ ကြာ ထားပါ ။
  7. (ကျမ ကတော့ မနက် မုန့်လုပ်ဖို့ ဆိုရင် ညကတည်းက မုန့်နှစ်ရည် လုပ်ပြီး တည အိပ်ထားလိုက်ပါတယ် ။ ထန်းသီး နံ့ လေး ပိုမွှေးတာ သိသာပါတယ် ။)
  8. ပေါင်းခါနီးမှာ Baking Powder ကို ဇကာနှင့် စစ်ပြီး ထည့်ပါ ။
  9. ထည့်နေတုံးမှာ တဖက်ကလဲ မုန့်ကို မွှေနေပါ ။ မိမိ ပေါင်းမဲ့ ခွက် (သို့) ဘန်းထဲ ထည့်ပြီး နာရီဝက် / ၄၅ မိနစ်ခန့် ပေါင်းပါ ။
  10. (တခွက်ချင်းစီ ပေါင်းတာထက် စာရင် အားလုံး ခွက်ကြီးကြီး နဲ့ ထည့်ပေါင်းရင် ပိုပွပါတယ် ။)
  11. မုန့်သားပေါ်သို့ ပေါင်းအိုး အဖုံးမှ ချွေးများ မကျစေရန်. ပေါင်းအိုး အဖုံးကို သန့်ရှင်းသော လက်သုတ် ပုဝါဖြင့် ပတ်ပြီးမှ ပေါင်းပါ။
  12. အအေးခံပြီး လိုရာ ပုံကို လှီး (သို့) ကတ်ကြေးဖြင့် ညှပ်ခါ ၊ အုန်းသီး ခြစ်ပြီး ဖြူးစားပါရှင် ။
Credit: Ma Ma Soe Mar Lar  & စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

Review

User Rating

3.1 (19 Votes)