မနက်စာကို ဝဝလင်လင် စားရမှ ကျေနပ်တဲ့ ချစ်သမီးလေး အတွက် သမီးရဲ့ အနှစ်သက်ဆုံး ထမင်းဝါကြော်ကို ဒီနေ့မနက် ကြော်ပေးတယ်။ ထမင်းဝါကို ဆီနဲနဲ နဲ့ ကြော်ပေးရတယ်။ မနက်ခင်းမှာ ထမင်းဝါကို စားပွဲပေါ်မှာ တွေ့လိုက်တာနဲ့ ရာသီဥတု ဘယ်လောက်ပဲ ဆိုးနေဆိုးနေ သမီးရဲ့ မျက်နှာလေးပေါ်က အပြုံးလေးကို တွေ့လိုက်ရင် နေလေးထွက်လာ သလိုဘဲ။ ထမင်းဝါရယ်၊ တောငရုတ်သီး ဆားထောင်းရယ်၊ ကြက်ဥကြော် နှုတ်ခမ်းသား ကြွပ်ကြွပ်လေးကို အားပါတရစားတတ်တဲ့ သမီးလေးက ပြောင်သလင်းခါအောင် စားတော့ အမေက လုပ်ကျွေးရကျိုးနပ်တယ်။ ကြော်တဲ့နည်းကလည်း လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်းကြမ်း
  • ကြက်သွန်နီကြော်
  • ဆီ
  • ဆား
  • နနွင်းမှုန့်

ပြုလုပ်နည်း

  1. ထမင်းကြော်မယ်ဆိုရင် တညသိပ် ရေခဲသေတ္တာထဲမှာ ထားတဲ့ ထမင်းနဲ့ ကြော်တာ အကောင်းဆုံးပါ ။  ပူနေတဲ့ ထမင်းကို ထမင်းကြော်လုပ်လျင် မကောင်းပါ ။  ထမင်းများ အကြေလွယ်ပါတယ် ။
  2. ပထမဦးစွာ ထမင်းကြမ်းကို လက်နှင့် သာသာဖွရျ် ဆားနှင့် နယ်ထားပါ ။
  3. မီးဖိုးပေါ်တွင် ဒယ်အိုးတင်၍ ဆီ အနည်းငယ်ထည့် ၊ နနွင်း အနည်းငယ်ထည့်ပြီး  ဆီပူလာလျှင် ထမင်းကြမ်းကိုထည့်၍ ကြော်ပေးပါ ။ ထမင်းလုံးလေးများ တင်းသွားပြီး ခြောက်ခြောက်ဖြစ်သွားလျှင် မီးဖိုပေါ်မှ ချပါ ။
  4. အပေါ့အငံမြည်းရျ် ပန်းကန်ထဲတွင် ထမင်းဝါကြော်ကို ထည့်ရျ်  ကြက်သွန်နီကြော်လေး ဖြူးပြီး တောငရုတ်သီး ဆားထောင်းနှင့် တွဲရျ် စားသုံးနိုင်ပါသည် ။  အချဉ်ကြိုက်လျင် ငရုတ်သီး ဆားထောင်းပေါ်မှ သံပုရာသီးလေးလည်း ညှစ်ပြီး စားနိုင်ပါတယ် ။

MyFood Myanmar