ထမနဲ

Share this on:

ထမနဲ

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် - ၄ ပြည်
  • မြေပဲ - ၈၀ ကျပ်သား
  • နှမ်းဆီ(သို.)မြေပဲဆီ - ၁ ပိသာ
  • နှမ်းမဲ နှင့် နှမ်းအဖြူ - ၃၂ ကျပ်သား
  • အုန်းသီးစိတ်၂၀ ကျပ်သား
  • ဆား - ၇ ကျပ်သား
  • ဂျင်း - ၁၅ ကျပ်သား

ပြင်ဆင်ပြုလုပ်နည်း

  1. ထမနဲ မထိုးခင် ကောက်ညှင်းဆန်ကို ရေဆေးပြီး အနည်းဆုံး (၃) နာရီခန်.ကြိုတင်ရေစိမ်ထား ရပါမယ်။
  2. မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်နေအောင် သန်.စင်ပါ ။
  3. မြေပဲကို၂ ခြမ်းကွဲ သွားအောင်လက်ဖမိုးနှင့် ဖိလှိမ့် ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )
  4. နှမ်းတွေကိုလည်း သန့်စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
  5. အုန်းသီးတွေကို အနေတော် ပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ ၃ နာရီလောက် ဇကာနှင့်ဖြန့်လှန်းထားပါ။
  6. ဂျင်းတွေကို အခွံခွါ ရေဆေးပြီး၊ မျှင်မျှင်လေးတွေ လှီးပါ။
  7. ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို ဇကာနှင့် ရေစင်အောင် စစ်ထားပါ။
  8. ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရအောင်ကြော်ပြီးဆီစစ်ထားပါ ။
  9. ထိုဆီထဲတွင် ဂျင်းကို ဆီသတ်ပါ ။
  10. အနံ့မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့ကောက်ညှင်းဆန်တွေ ထည့်ပေါင်းကာ သစ်သား ယောင်းမအရှည်နှင့် မွှေပေးပါ ။
  11. ကောက်ညှင်းတွေ အကြောတင်းသွားပြီဆိုမှ ဆားထည့်ပြီး ကောက်ညှင်းဆန်အထက် ရေကို လက်၂ ဆစ်ခန့် ထည့်ပြီး စကောကြီးကြီးများကို လက်ကိုင်ကွင်း တပ်ထားသော အဖုံးများနှင့် ဖုံးထားပါ ။
  12. ရေမခမ်းခင် အထိတော့ ၁၀မိနစ် တစ်ခါလောက် ယောင်းမနဲ့ နှံ့အောင်မွှေပါ။
  13. ရေခမ်းသွားလျှင် မီးလျှော့ချပြီး...ငှက်ပျောဖက်အုပ်အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။
  14. ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင် ပြီးမွှေသူ၂ဦး နှင့် ယောင်းမ အရင်း ကနေကိုင်ပြီး ကောက်ညှင်းတွေကို ပွတ်ချေပေးရပါတယ်( ထိုအလယ်လူ နေရာကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများ တာဝန်ယူတာများပါတယ် )
  15. ထိုအချိန်မှပဲ အိုးသူကြီး ညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမအောင် နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာ ဖြစ်ပါတယ်။
Credit: Yadana Cooking

Review

User Rating

0 (0 Votes)