ခေါက်ဆွဲ - Noodle Dishes | Recipes

ထိုင်းတုမ်ယမ်းချဉ်စပ်ခေါက်ဆွဲပြုတ်

December 15, 2015

ထိုင်းတုမ်ယမ်းချဉ်စပ်ခေါက်ဆွဲပြုတ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
  • အုန်းနို့ ခွက်ဝက် (လက်ဖက်ရည်ပန်းကန်လုံး)
  • ခေါက်ဆွဲ တစ်ပွဲစာ ( ၁၀၀ ဂရမ်ခန်.) (ဂျုံ ၊ ဆန်ပြား၊ ဆန်ခေါက်ဆွဲအသေး မိမိနှစ်သက်ရာသုံးနိုင်)
  • ပုစွန်(သို.) ပင်လယ်စာ
  • ဖက်ထုပ်ပြုတ်
  • ဖက်ထုပ်ကြော်
  • အသားကင်( ကြက်သား(သို.) ၀က်သား)
  • လုချင်းအသားလုံး(သို.) မိမိနှစ်သက်ရာဖြည့်စွက်
  • ပင်အပ်မှို (သို.) ကောက်ရိုးမှို
  • ခရမ်းချဉ်သီး၊ တောရှောက်ခါးရွက် ၊ နံနံပင် ၊ ငရုတ်တောင့်နီ၊ပဒဲကော၊ စပါးလင်
  • ပဲပင်ပေါက်(သို.) အရွက်စိမ်းတစ်မျိုး

ပြုလုပ်နည်း

  1. ပထမဆုံး အိုးငယ် တစ်လုံးမှာ ကြက်ပြုတ်ရည်ကိုအပူပေးပါ။(ကြက်ပြုတ်ရည်ထဲမှာ မုန်လာဥဖြူဖတ် ၊ တရုတ်နံနံစတာလေးတွေပါဝင်နေ ပါမယ်)
  2. စပါးလင် ၊ ပဒဲကော၊ တောရှောက်ရွက် ၃-၄ ဖတ်စီကိုထည့်ပြီး ၃ မိနစ်ခန်.ပြုတ်ကာ ဖယ်ထုတ်လိုက်ပါ (အနံ့ အရသာ ယူပြီး ဖြစ်တဲ့အတွက် ခေါက်ဆွဲ ပြင်ဆင်ချိန်မှာအမြင်မလှ တော့ပါဘူး။)
  3. တုမ်ယမ်းအနှစ် ၊ သကြား ၊ ငါးငံပြာရည် ၊ သံပုရာရည်တို့နှင့် အရသာသွင်းပါ။
  4. ပုစွန်(သို့) ပင်လယ်စာထည့်ပါ။ လုချင်းအသားပြုတ်လုံး(သို့) မိမိနှစ်သက်ရာ ဖြည့်စွက်ပါ။ အုန်းနို့ ထည့်ပေါင်းပါ။
  5. ဒီဟင်းရည်ကို ခေတ္တ အပူပေးထားစဉ် ပြုတ်ဇကာတစ်ခုမှာ အရွက်၊ ခေါက်ဆွဲကိုပြုတ်ပေးပါ။
  6. ဖက်ထုပ်ပြုတ်ကိုလည်း သီးသန့်ပြုတ်ပါ။
  7. ခေါက်ဆွဲကို ပြင်ဆင်မယ့် ပန်းကန်ထဲထည့် ၊ ချဉ်စပ် ဟင်းရည်လောင်းချကာ အပေါ်ယံကနေ ဖက်ထုပ်ပြုတ် ၊ ဖက်ထုပ်ကြော် ၊ အသားကင်ပါးပါးလှီး ၊ ထည့်ကာ ခရမ်းချဉ်သီး ၊ တောက်ရှောက်ခါးရွက် ၊နံနံပင်တို.နဲ.အလှဆင်ပေးလိုက်ပါ။
Credit: ဟင်းချက်နည်းများ

Review

User Rating

5 (1 Votes)