အသီး - Fruits | အသုပ် - Salad

ထိုင်းမြောက်ပိုင်းစတိုင်လ် ကျွဲကောသီးသုပ်

May 21, 2016

ထိုင်းမြောက်ပိုင်းစတိုင်လ် ကျွဲကောသီးသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကျွဲကောသီး - ၄ မွှာ
  • ငရုတ်သီးခြောက်တောင့် - ၃ တောင့်
  • မြေပဲလှော် - ၁ ဇွန်း
  • ခရမ်းကြွပ်သီး(အစိမ်းရောင်) - ၂ လုံး
  • ပဲတောင့်ရှည် - ၂ တောင့်
  • ပုစွန်ခြောက် - ၁ ဇွန်း
  • ကြက်သွန်ဖြူ - ၂ တက်
  • ပုစွန်ဆားစိမ် - ၇ ကောင်
  • ငါးပိရည်ကြည် - ၁ ဇွန်း
  • သံပုရာသီး - ၁ လုံး
  • ငါးငံပြာရည် - ၁ ဇွန်း
  • သကြား - ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ကျွဲကောသီးတွေကို အမွှာထဲမှထုတ်ပြီး ခပ်မွှမွှလေး ဖွကာ အအေးခံထားပါ ။
  2. သစ်သားငရုတ်ဆုံ ( သို့) စဉ်ဆုံမှာ ပုဇွန်ခြောက်ကို အနည်းငယ်ပွရုံလေး ထောင်းပြီး ငရုတ်ခြောက်တောင့် ၊ ကြက်သွန်ဖြူ   တွေကိုလည်း မညှက်တညှက်လေး ထောင်းပါ ။  မြေပဲလှော်လည်း ထည့်ပေါင်းပြီး ငါးပိရည်ကြည် ၊ ပုစွန်ဆားစိမ် ၊ သကြား တို့ဖြင့် အရသာသွင်းပါ ။
  3. ပဲတောင့်ရှည်ကို လက်မ၀က်လောက်လေးတွေ လှီးပြီး ထည့်သလို ခရမ်းကြွပ်သီးတွေကိုလည်း ပါးပါးလှီးပြီး ထည့်ပါ ။  သံပုရာသီးကို အရည်ရော အခွံတွေပါ ထည့်ပေါင်းပေးပါ ။  နောက်ဆုံးမွှထားတဲ့ ကျွဲကောသီးလေးတွေ ထည့်ပြီး သမအောင် မွှပေးရုံပါပဲ ။  မိမိနှစ်သက်ရာ အရွက်လေးတွေဖြင့် တွဲဖက်စားသုံးနိုင်ပါသည် ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.4 (10 Votes)