ယိုးဒယား - Thai | အသုပ် - Salad | ပြည်ကြီးငါး - Squid

ထိုင်းပြည်ကြီးငါးသုပ် (Calamari Salad)

December 31, 2015

ထိုင်းပြည်ကြီးငါးသုပ် (Calamari Salad)

Share this on:

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး
  • ဆား
  • ငါးငံပြာရည်
  • သံပုရာသီး
  • သကြား
  • ငြုပ်သီးမှုန့်
  • ကြက်သွန်နီ
  • မုန်လာဥနီ
  • ဆလက်ရွက်
  • ပင်စိမ်းရွက်
  • နံနံပင်
  • ပဲကြာဇံ

ပြုလုပ်နည်း

  1. ပြည်ကြီးငါးများကို အကွင်းလိုက်လှီး ဆားရည်ဖြင့် စင်အောင်ဆေးပြီး ရေဖြင့် ပြန်ဆေးပါ။
  2. ပွက်ပွက် ဆူနေသော ရေနွေးထဲသို့ စက္ကန့် ၃၀ ထည့်ပြုပ်ပြီး ဆယ်ယူကာ ဇကာဖြင့် စစ်ထားပါ။
  3. ပဲကြာဇံကို ရေနွေး ဖျောထားပါ။
  4. ကြက်သွန်နီ၊ မုန်လာဥနီ၊ ဆလက်ရွက်၊ ပင်စိမ်းရွက်၊ နံနံပင် တို့ကို ရေဆေးပြီး အသင့် လှီးထားပါ။
  5. ထို့နောက် ရေစစ်ထားသော ပြည်ကြီးငါး နှင့် ပဲကြာဇံ၊ အသင့် လှီးထားသော အရွက်များရော၍ ဆား၊ ငါးငံပြာရည်၊ သံပုရာသီး၊ သကြား၊ငြုပ်သီးမှုန့် တို့အား ထည့်ပြီး ဖြေးညှင်းစွာ နယ်၍ စားသုံးနိုင်ပါသည်။(ချယ်ရီခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း)တို့ ထည့်ပြီးလည်း သုံးဆောင်နိုင် ပါသည်။
Credit: ဇွဲသုသု

Review

User Rating

0 (0 Votes)