ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး
  • ဆား
  • ငါးငံပြာရည်
  • သံပုရာသီး
  • သကြား
  • ငြုပ်သီးမှုန့်
  • ကြက်သွန်နီ
  • မုန်လာဥနီ
  • ဆလက်ရွက်
  • ပင်စိမ်းရွက်
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ပြည်ကြီးငါးများကို အကွင်းလိုက် လှီး ၊  ဆားရည်ဖြင့် စင်အောင် ဆေးပြီး ရေဖြင့် ပြန်ဆေးပါ ။
  2. ပွက်ပွက် ဆူနေသော ရေနွေးထဲသို့ စက္ကန့် ၃၀ ထည့်ပြုပ်ပြီး ဆယ်ယူကာ ဇကာဖြင့် စစ်ထားပါ ။
  3. ကြက်သွန်နီ ၊ မုန်လာဥနီ ၊ ဆလက်ရွက် ၊  ပင်စိမ်းရွက် ၊  နံနံပင် တို့ကို ရေဆေးပြီး အသင့် လှီးထားပါ ။
  4. ထို့နောက်  ရေစစ်ထားသော ပြည်ကြီးငါး နှင့် အသင့် လှီးထားသော အရွက်များ ရော၍ ဆား ၊ ငါးငံပြာရည် ၊သံပုရာသီး ၊ သကြား ၊ ငြုပ်သီးမှုန့် တို့အား ထည့်ပြီး ဖြေးညှင်းစွာနယ်၍ စားသုံးနိုင်ပါသည် ။   (ချယ်ရီ ခရမ်းချဉ်သီး ၊ ငရုပ်သီးစိမ်း) တို့ ထည့်ပြီးလည်း သုံးဆောင်နိုင် ပါသည် ။

Credit: ZTT